ဒန်ဗာလေဆိပ်

February 18, 2019

အမေရိကန် ဒန်ဗာလေဆိပ်အနီးတွင် ကား ၄၉ စီး စုပြုံတိုက်မိ

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့က နိုင်ငံတကာ လေဆိပ်နားမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဒါဇင်နဲ့ချီတဲ့ ကားတွေ အချင်းချင်း ဆင့်တိုက်မိခဲ့ပါတယ်။ ရေခဲတွေကြောင့် လမ်းတွေချော်နေလို့ ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှုအတွင်း ကား ၄၉ စီး စုပြုံတိုက်မိခဲ့တာပါ။ ဒါကြောင့် ကော်လိုရာဒို အဝေးပြေးလမ်း ပိတ်ခဲ့ရပြီး ဒီဖြစ်ရပ်ကြောင့် လူ ၁၄ ဦးကို ဆေးရုံတင်ပို့ခဲ့ရပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ မီဒီယာတွေက ဖော်ပြကြပါတယ်။
2 years Ago
Up