ဒန်နီရို့စ်

May 9, 2019

လီဗာပူးအောင်ပွဲက စပါးအသင်းအတွက် စိတ်ဓာတ်မြှင့်တင်မှု ဖြစ်ခဲ့ဟု ဒန်နီရို့စ် ပြော

လီဗာပူးရဲ့ အံ့အားသင့်စရာ အောင်ပွဲက စပါးအသင်းအတွက် စိတ်ဓာတ်မြှင့်တင်မှု ဖြစ်စေခဲ့တယ်လို့ စပါးနောက်ခံလူ ဒန်နီရို့စ်က ပြောကြားလိုက်ပါတယ်။ စပါးအသင်းဟာ အေဂျက်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဝေးကွင်းပွဲစဉ်မှာ ၂ ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့ပေမယ့် ၃ ဂိုးဆက်တိုက် ပြန်သွင်းပြီး အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာပါ။ အဲဒီရလဒ်ဟာ ကစားသမားတွေရဲ့ ခြေစွမ်းအပြင်  လီဗာပူးအသင်းရဲ့ အောင်ပွဲကြောင့် စိတ်ဓာတ်မြှင့်တင်နိုင်ခဲ့ပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာ ဖြစ်တယ်လို့ စပါးနောက်ခံလူ ဒန်နီရို့စ်က ပြောကြားလိုက်တာပါ။ အေဂျက်နဲ့ပွဲ မတိုင်ခင်မှာ လီဗာပူးက ဘာစီလိုနာကို အံ့အားသင့်ဖွယ်ရာ ရလဒ်အဖြစ် ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာက အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကို ရရှိစေတယ်လို့ ဒန်နီရို့စ်က ပွဲအပြီးမှာ ဆိုပါတယ်။ ဒုတိယပိုင်းမှာ အသင်းနည်းပြနဲ့ စကားအနည်းငယ် ပြောခဲ့ကြပြီး လီဗာပူးအသင်းလိုပဲ ကစားပြနိုင်ခဲ့တယ်လို့ ရို့စ်က ပြောပါတယ်။ ဒါ့အပြင် လက်ရှိခြေစွမ်းနဲ့ဆိုရင် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်း ရှိတယ်လို့လည်း ဒန်နီရို့စ်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
2 years Ago

August 23, 2018

စပါးနောက်ခံလူ ဒန်နီရို့စ် ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိ

စပါးနောက်ခံလူ ဒန်နီရို့စ်ဟာ ဥရောပအသင်းတသင်းကို ပြောင်းရွှေ့ဖို့ရှိပြီး ပီအက်စ်ဂျီအသင်းနဲ့ သတင်းထွက်နေပါတယ်။ အင်္ဂလန်ဘယ်နောက်ခံလူ ဒန်နီရို့စ်ဟာ စပါးအသင်းမှာ ပွဲထွက်ခွင့်မရ ဖြစ်နေတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာပါ။ ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ရှော်ကေးအသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ကမ်းလှမ်းတာကိုတော့ ဒန်နီရို့စ်က ပယ်ချခဲ့ပါတယ်။ စပါးအသင်းဟာ ဘယ်နောက်ခံလူနေရာမှာ ဝေးလ်ကစားသမား ဒေးဗစ်ကို အသုံးပြုနေပြီး အရန်အဖြစ် ဝေါ်ကာပီတာကို အသုံးပြုဖို့ စီစဉ်ထားတာကြောင့် ဒန်နီရို့စ်ကို ရောင်းထုတ်တော့မှာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိ အင်္ဂလန်နောက်ခံလူ ဒန်နီရို့စ်အနေနဲ့ ပီအက်စ်ဂျီအသင်းက အမှန်တကယ် ကမ်းလှမ်းလာမယ်ဆိုရင်တော့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
3 years Ago
Up