ဒန်နီရယ်ဂျိမ်းစ်

A d v e r t i s e m e n t With Us

June 13, 2019

ဆွမ်ဆီး တောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းစ်ကို မန်ယူ ခေါ်ရန် သဘောတူညီချက်ရ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းက တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ အသက် ၂၁ နှစ်အရွယ် ဝေးလ်ကစားသမားအတွက် မူလပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်း ပေးရမှာပါဖြစ်ပြီး ၅ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်တာ ဖြစ်ပါတယ်။ လူငယ်ကစားသမား ဂျိမ်းစ်ဟာ ဆွမ်ဆီး အကယ်ဒမီကနေ ထွက်ပေါ်လာတာဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ရာသီက ဆွမ်ဆီးအတွက် ၃၈ ပွဲ ကစားရာမှာ ၅ ဂိုး သွင်းယူထားပါတယ်။ ဂျိမ်းစ်ဟာ ဝေးလ်လက်ရွေးစင်အသင်းအတွက်  ပြီးခဲ့တဲ့ မတ်လတုန်းက စလိုဗက်ကီးယားကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
2 years Ago
Up