ဒတ်ခ်ျရှေ့နေ

April 4, 2018

အမေရိကန်-ရုရှား အရှုပ်တော်ပုံနှင့်ပတ်သက်ပြီး လိမ်ညာထွက်ဆိုခဲ့သည့် ရှေ့နေအား ပြစ်ဒဏ်ချမှတ်

အမေရိကန်-ရုရှား အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်နေတဲ့ ရောဘတ်မူလာရဲ့ အထူးကောင်စီကို လိမ်ညာထွက်ဆိုခဲ့တဲ့ ဒတ်ခ်ျရှေ့နေတဦးကို ဝါရှင်တန်ဒီစီခရိုင်တရားရုံးက ဧပြီ ၃ ရက်နေ့မှာ ထောင်ဒဏ်ရက် ၃၀ နဲ့အတူ ဒေါ်လာ ၂၀၀၀၀ ဒဏ်ရိုက်လိုက်ပါတယ်။ အပြစ်ရှိတယ်လို့ ဝန်ခံထားတဲ့ ဒတ်ခ်ျရှေ့နေ အားလက်စ် ဖန်ဒါဇဗန်ဟာ ရုရှားနိုင်ငံမှာ အချမ်းသာဆုံး သန်းကြွယ်သူဌေးကြီးတဦးဖြစ်တဲ့ ဂျာမန်ခန်းရဲ့သားမက် ဖြစ်ပါတယ်။ သူဟာ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက သမ္မတ ထရမ့်ရဲ့ ရွေးကောက်ပွဲကမ်ပိန်းမန်နေဂျာ ပေါလ် မနာဖော့နဲ့ ဆက်သွယ်ခဲ့တဲ့ကိစ္စကို ရောဘတ်မူလာရဲ့ စုံစမ်းရေးကောင်စီက စစ်ဆေးရာမှာ လိမ်ညာထွက်ဆိုခဲ့တာပါ။ ဒီ့အတွက် သူ့မှာ အပြစ်ရှိကြောင်း ရှေ့နေ ဖန်ဒါဇဗန်ကိုယ်တိုင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ဝန်ခံခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up