ဒဏ်ရိုက်

August 30, 2020

မွန်ပြည်နယ်အတွင်း စားသောက်ဆိုင်များကို စနစ်တကျမကိုင်တွယ်နိုင်ပါက ဝန်ထမ်းများကို အရေးယူမည်

မွန်ပြည်နယ်အတွင်းမှာ ဖွင့်လှစ်ရောင်းချနေတဲ့ စျေးတွေ၊ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်ကို စနစ်တကျ မကိုင်တွယ်နိုင်ပါက ဝန်ထမ်းတွေကိုလည်း အရေးယူသွားမယ်လို့ သိရပါတယ်။ ကိုဗစ်ကာလ မွန်ပြည်နယ်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ စျေးတွေ၊ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်ကို မော်လမြိုင်မှာ ကိုဗစ်ရောဂါပိုး ပြန်လည်တွေ့ရှိပြီးနောက် အရေးယူမှုတွေ ပြန်လည်လုပ်ဆောင်ဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။ ကိုဗစ်ကာလမှာ စည်းကမ်းမလိုက်နာတဲ့ စျေးရောင်းချသူတွေနဲ့ Mask မတပ်တဲ့သူကို စနစ်တကျ ထိန်းချုပ်ဖို့နဲ့ အရေးယူတာတွေ လုပ်ဆောင်ဖို့လည်း ပါဝင်ပါတယ်။ အဲလို လုပ်ဆောင်ရာမှာ ဖွင့်လှစ်ရောင်းချနေတဲ့ စျေးတွေကို စနစ်တကျ မကိုင်တွယ်နိုင်ရင် ဝန်ထမ်းတွေကိုပါ အရေးယူသွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။ ဖွင့်လှစ်ရောင်းချနေတဲ့ စျေးတွေကို စနစ်တကျ မကိုင်တွယ်နိုင်တဲ့ ဝန်ထမ်းတွေကိုတော့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ ရာထူးတိုး ဆိုင်းငံ့တာအပြင် ရာထူး လျှော့ချတာတွေလည်း လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်း ဖွင့်လှစ်ရောင်းချနေတဲ့ စျေးတွေမှာ Mask မတပ်တာနဲ့ social distancing အတိုင်း စျေးမရောင်းချတဲ့ စျေးဆိုင်တွေကို ပထမအကြိမ် စစ်ဆေးတွေ့ရှိရင် ဆိုင် ၅ ရက်ပိတ်တာ၊ ဒုတိယအကြိမ် ၁၀ ရက် ပိတ်တာ၊ တတိယအကြိမ် အပြီးပိတ်တာတွေ လုပ်ဆောင်သွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။ ဒါအပြင် စျေးတွေမှာ mask မတပ်တဲ့သူတွေကို ဒဏ်ငွေကျပ် ၃၀၀၀ နှုန်း ဒဏ်ရိုက်တာတွေ လုပ်ဆောင်ဖို့လည်း ညွှန်ကြားထားပါတယ်။ မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ကာလတုန်းက Mask မတပ်တာနဲ့ social distancing အတိုင်း စျေးမရောင်းချတဲ့ ဆိုင်တွေကို ပထမအကြိမ် စစ်ဆေးတွေ့ရှိရင် ဆိုင် ၃ ရက်ပိတ်တာ၊ ဒုတိယအကြိမ် ၁၀ ရက် ပိတ်တာတွေကိုပဲ လုပ်ဆောင်နိုင်ခဲ့တာပါ။  ဇော်လွင်ထွဋ်
10 months Ago

August 14, 2020

ပြင်သစ်နိုင်ငံ နိစ်မြို့တွင် နှာခေါင်းစည်းမတပ်သူ  ၁၄၀ ခန့်ကို ဒဏ်ရိုက်

ပြင်သစ်နိုင်ငံ၊ နိစ်မြို့မှာ သြဂုတ် ၁၃ ရက်က  ရဲတပ်ဖွဲ့ကင်းလှည့်တဲ့ တစ်နာရီအတွင်း  နှာခေါင်းစည်း မတပ်သူ အယောက် ၁၄၀ လောက်ကို  ဒဏ်ရိုက်ခဲ့တယ်လို့  ရဲတပ်ဖွဲ့က ပြောပါတယ်။ နှာခေါင်းစည်းမတပ်မနေရ စည်းကမ်းကြပ်မတ်ဖို့ ပြင်သစ်ရဲတွေက  နိစ်မြို့လယ်ကောင်မှာ  ကင်းလှည့်နေတာပါ။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း  ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်သူ ၂,၆၀၀ ကျော် ရှိတယ်လို့  ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး  ဒါဟာ လော့ဒေါင်း ဖြေလျှော့ပြီးနောက်ပိုင်း  ဒုတိယ မြောက်နေ့အဖြစ် နေ့စဉ်ကူးစက်သူ မြင့်တက်လာတာပါ။  လက်ရှိ ပြင်သစ်မှာ စုစုပေါင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နှစ်သိန်းကျော်ရှိနေတာကြောင့် ပြင်သစ်အာဏာပိုင်တွေဟာ ပြည်သူ့ကျန်းမာရေးစည်းကမ်းတွေကို စတင်တင်းကြပ်နေပါပြီ။  လေးလ် ၊ နိစ်၊ တူးလော့နဲ့ ပဲရစ်မြို့တွေက  လူစည်းကားတဲ့နေရာတွေမှာ   လူတွေကို နှာခေါင်း စည်းတပ်ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားနေပါတယ်။   ရဲတပ်ဖွဲ့အကြီးအကဲကလည်း  နှာခေါင်းစည်းမတပ်သူကို မိရင်  ၁၃၅ ယူရို ဒဏ်တပ်မယ်လို့ ပြောဆိုထားပါတယ်။ 
10 months Ago
More News
Up