အာဂျင်တီးနားနဲ့ ဗီလာရီးရဲလ် နောက်ခံလူ ဖျူနက်စ်မော်ရီရဲ့ ပေါင်ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ရမှာဖြစ်တယ်လို့ အသင်းက အတည်ပြုပြောပါတယ်။
ဖျုနက်စ်မော်ရီဟာ မေ ၂၁ ရက်က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ညာဘက်ပေါင်မှာ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
မေ ၂၅ ရက်က ဆေးစစ်ရာမှာတော့ ပေါင်ကြွက်သားမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသမှု ပြုလုပ်ရမှာဖြစ်တယ်လို့ အသင်းက သတင်းထုတ်ပြန်ခဲ့တာပါ။
အသက် ၂၉ နှစ်ရှိ ဗဟိုနောက်ခံလူ ဖျူနက်စ်မော်ရီဟာ လွန်ခဲ့တဲ့ ၂ နှစ်က အဲဗာတန်အသင်းကနေ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
9 months Ago