ဒဏ်ရာရ

November 10, 2021

လားရှိုး လဝကရုံးတွင် ဗုံးကွဲ၊ လူ ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရုံးဝင်းထဲမှာ နိုဝင်ဘာ ၁၀ ရက် ဒီနေ့ ညနေ ၃ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး မှတ်ပုံတင်လာလုပ်သူ  ၂  ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

ပေါက်ကွဲမှုဖြစ်စဉ်ကိုတော့ သေချာမသိရကြောင်း၊ အဆိုပါ လဝကရုံးမှာ အရှေ့ဝင်ပေါက်နဲ့ အနောက်ဝင်ပေါက် ၂ ခုရှိပြီး အရှေ့ပေါက်ဘက်ကနေ အသံအကျယ်ကြီးကြားရတာလို့ မျက်မြင် လားရှိုးဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့လည်း မှတ်ပုံတင်လာလုပ်တာပါခင်ဗျ။ ရုံးဝင်းထဲရောက်တော့ ရုံးရှေ့မှာပေါက်ကွဲ သံအကျယ်ကြီးကြားရတယ်။ သွားကြည့်တော့ ရုံးရှေ့သစ်ပင်အောက်က ခုံတန်းမှာ ဒဏ်ရာရတဲ့ အမျိုးသမီး ၁ ယောက်နဲ့ လူငယ်တစ်ယောက်တွေ့လို့ ပရဟိတအဖွဲ့ဆီဖုံးလှမ်းဆက်ပြီး အဲဒီအဖွဲ့ ကပဲ လားရှိုးစစ်ဆေးရုံကိုပို့ပေးလိုက်ပါတယ်ခင်ဗျ။”

ဒဏ်ရာရတဲ့အမျိုးသမီးက ရင်ဘတ်နဲ့ ဝမ်းဗိုက်အပေါ်ဘက်မှာ ဗုံးစမှန်ပြီး လူငယ်ကတော့ ဦးခေါင်းမှာဒဏ်ရာရသွားပါတယ်။ 

အခင်းဖြစ်တဲ့နေရာကို စစ်တပ်၊ ရဲ နဲ့တာဝန်ရှိသူတွေ လာရောက်စစ်ဆေးသွားပြီး အဆောက်အအုံကတော့  ပျက်စီးတာမတွေ့ဘူးလို့  မျက်မြင်ဒေသခံကပြောပါတယ်။ 

3 weeks Ago

November 1, 2021

မင်းတပ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေ၊ ၈ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အောက်တိုဘာ ၃၁ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၈ ယောက်လောက် ဒဏ်ရာရ သွားတယ်လို့ CDF- မင်းတပ်က ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့ စိချဲ့လမ်းဆုံနားမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို  CDF-မင်းတပ်က မနေ့က ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အကြမ်းဖက်စစ်အုပ်စုနဲ့ နာရီဝက်လောက် အပြန်အလှန်တိုက်ဖြစ်ပွားခဲ့ပြီးတော့  CDF-မင်းတပ်ဘက်က ရဲဘော်တစ်ယောက် အနည်းငယ်ဒဏ်ရာ ရခဲ့တယ်”လို့  CDF- မင်းတပ်က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက ထန်တလန်မြို့မှာရှိတဲ့ ဘာသာရေးအဆောက်အုံ၊လူနေ အိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မင်းတပ်နဲ့မတူပီကြားမှာ အောက်တိုဘာ ၂၁ ရက်ကလည်း မတူပီဘက်ကနေ ဆင်းလာတဲ့ အကြမ်းဖက်စစ်အုပ်စု ယာဉ်တန်းကို CDF - မင်းတပ်နဲ့ CDF - မတူပီ ညီနောင်မဟာမိတ်တွေ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးပြီးတော့ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

1 month Ago
More News
Up