ဒဏ်ရာပိုပြင်းထန်

A d v e r t i s e m e n t With Us

June 22, 2020

ဖရန့်ကီဒီဂျောင်၏ဒဏ်ရာ မျှော်လင့်ထားသည်ထက် ပိုပြင်းထန်ဟု ဘာစီလိုနာအတည်ပြု

ဘာစီလိုနာကွင်းလယ်လူ ဖရန့်ကီဒီဂျောင်ရဲ့ ဒဏ်ရာဟာ မျှော်လင့်ထားတာထက် ပိုပြင်းထန်တာကြောင့် အသင်းရဲ့ပွဲစဉ်တချို့ကို လွဲချော်မယ်လို့ သိရပါတယ်။  ကွင်းလယ်လူ ဒီဂျောင်ဟာ ဆီဗီလာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားမယ့် ဘီလ်ဘာအိုနဲ့ပွဲကိုလည်း ဆက်လက်လွဲချော်မယ်လို့ ဘာစီလိုနာက သတင်းထုတ်ပြန်ခဲ့ပါတယ်။  ဖရန့်ကီဒီဂျောင်ဟာ ခြေသလုံး ကြွက်သားဒဏ်ရာကြောင့် ဆက်လက်အနားယူဖို့ လိုအပ်ပြီး လေ့ကျင့်ခန်းမဆင်းနိုင်သေးဘူးလို့ အသင်းက အတည်ပြုခဲ့ပါတယ်။  ဘာစီလိုနာအသင်းဘက်ကတော့ အချိန်ကာလ ဘယ်လောက်အထိ အနားယူရမလဲဆိုတာ ထုတ်ပြန်ခြင်းမရှိသေးပေမယ့် ဒဏ်ရာအခြေအနေက မျှော်လင့်ထားတာထက်ပိုပြီး ပြင်းထန်တယ်လို့ ဆိုပါတယ်။ ဒီဂျောင်ဟာ လာလီဂါပွဲ ၃၀ မှာ ၂၇ ပွဲအထိ ကစားပေးထားသူ ဖြစ်ပါတယ်။  ဘာစီလိုနာအသင်းဟာ ဘီဘာအိုလ်အသင်းနဲ့ ကစားအပြီးမှာ ဆယ်တာဗီဂို၊ အက်သလက်တီကို၊ ဗီလာရီးရဲလ်အသင်းတွေနဲ့ ဆက်တိုက်ကစားရမှာ ဖြစ်ပါတယ်။
8 months Ago
Up