ဒဏ်ရာကြောင့်

October 29, 2019

မန်ယူကွင်းလယ်လူ ပေါ့ဘာ ဒဏ်ရာကြောင့် ဒီဇင်ဘာလအထိ အနားယူရဖွယ်ရှိ  

မန်ယူကွင်းလယ်လူ ပေါ့ဘာဟာ ဒဏ်ရာမသက်သာသေးတာကြောင့် နောက်ထပ် အချိန် တလလောက် ထပ်ပြီး အနားယူရဖို့ ရှိနေပါတယ်။ ပေါ့ဘာဟာ ဒဏ်ရာပြဿနာကြောင့် မန်ယူအသင်းရဲ့နောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲမှာ ၈ ပွဲအထိ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေ ရက်သတ္တပတ်မှာ ဒူဘိုင်းမှာ သွားရောက်လေ့ကျင့်ခဲ့တဲ့ ပေါ့ဘာဟာ ပြန်လည်ကစားနိုင်တော့မယ်လို့ သတင်းထွက်ခဲ့ပေမယ့်လည်း လာမယ့် ဒီဇင်ဘာလောက်မှာမှ ပြန်ကစားနိုင်ဖို့ ရှိနေပါတယ်။ နည်းပြ ဆိုးလ်ရှားကတော့ ပေါ့ဘာအနေနဲ့ ဒီဇင်ဘာလအမီ ပြန်လည်ကောင်းမွန်လာမလားဆိုတာတောင် ပြောလို့မရသေးဘဲ  အပြည့်အဝ အနားယူဖို့ လိုအပ်နေသေးတယ်လို့ နောဝှစ်ချ်အသင်းနဲ့ ပွဲအပြီးမှာ ပြောပါတယ်။  ဆိုရှားအနေနဲ့ ပြီးခဲ့တဲ့ နောဝှစ်ချ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်တို့ ပင်နယ်တီ နှစ်ကြိမ် လွဲချော်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးလည်း  ကာကွယ်ပြောကြားသွားပါတယ်။ သူတို့ဟာ တိုးတက်လာနေတဲ့ တိုက်စစ်မှူးတွေဖြစ်ပြီး ပင်နယ်တီ မဝင်ခဲ့ပေမယ့် ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့အပေါ်မှာလည်း နည်းပြဆိုးလ်ရှားက ချီးကျူးသွားခဲ့ပါတယ်။
2 years Ago

October 26, 2019

မန်စီးတီးအသင်းက ဇင်ချင်ကိုနှင့် ရော့ဒရီ ဒဏ်ရာကြောင့် မကစားနိုင်ဟု နည်းပြပြော

မန်ချက်စတာစီးတီးအသင်းက ဘယ်နောက်ခံလူ ဇင်ချင်ကိုနဲ့ ကွင်းလယ်သမား ရော့ဒရီတို့ ဒဏ်ရာကြောင့် ကစားနိုင်မှာ မဟုတ်သေးဘူးလို့ နည်းပြ ပက်ဂွါဒီယိုလာက အတည်ပြုထားပါတယ်။ ဘယ်နောက်ခံလူ ဇင်ချင်ကိုက ဒူးဒဏ်ရာကြောင့် သီတင်း ၄ ပတ်လောက် အနည်းဆုံး နားရမှာ ဖြစ်ပါတယ်။ ကွင်းလယ်သမား ရော့ဒရီက အတလန်တာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရခဲ့ပြီး တပတ်လောက် ကစားနိုင်မှာ မဟုတ်သေးလို့ နည်းပြက ဆိုထားပါတယ်။ အခုလို ကစားသမား နှစ်ယောက် ဒဏ်ရာရပြီး မကစားနိုင်တာဟာ မန်စီးတီးအတွက် ထိုးနှက်ချက်တခုလို့ ဆိုရမှာပါ။
2 years Ago
Up