ဒဏ်ကြေး

A d v e r t i s e m e n t With Us

January 11, 2021

ကိုဗစ်စည်းကမ်းဖောက်သည့် ကစားသမားများထံက ရသည့်ဒဏ်ကြေး စပါးအသင်း လှူမည်

ကိုဗစ်စည်းကမ်းချက်တွေကို ဖောက်ဖျက်တာကနေ ရရှိလာတဲ့ ဒဏ်ကြေးငွေတွေကို စပါး အသင်းက လှူဒါန်းသွားဖို့ရှိနေပါတယ်။  စပါးအသင်းကစားသမားတချို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ ကိုဗစ်-၁၉ စည်းကမ်းချက်တွေကို ဖောက်ဖျက်ပြီး ပါတီပွဲတက်ခဲ့တာတွေ ရှိခဲ့တာပါ။  ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အဲရစ်လာမီလာ၊ လိုဆယ်ဆိုနဲ့ နောက်ခံလူ ဆာဂျီယို ရက်ဂူလွန်တို့ဟာ  သူတို့ရဲ့ မိသားစုဝင်တွေနဲ့အတူ ပါတီတစ်ခုကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။  အဆိုပါ ကစားသမားတွေရဲ့ တစ်ပတ်လုပ်ခက ပေါင် ၂ သိန်းဝန်းကျင်ရှိပြီး ဘယ်လောက် ဒဏ်ရိုက်ခဲ့သလဲဆိုတာ သတင်းထုတ်ပြန်ခြင်း မရှိပေမဲ့ များပြားတဲ့ ပမာဏ ဒဏ်ကြေး ရရှိမယ်လို့ သိရပါတယ်။  စပါးအသင်းဟာ သူတို့ရဲ့ ၆၂၀၀၀ ဆံ့တဲ့ အိမ်ကွင်းကိုလည်း ကိုဗစ်-၁၉ ရောဂါ ကုသရေးနဲ့ ပတ်သက်တာတွေ လုပ်ဆောင်နိုင်ဖို့  အမျိုးသားကျန်းမားရေစင်တာ  NHS ကို လှူဒါန်းထားပါတယ်။ 
2 months Ago

July 5, 2020

လယ်ယာမြေကို အခြားနည်းသုံးခွင့်မရမီ ငါး၊ ပုစွန် မွေးမြူရေးကို ဒဏ်ကြေးပေးစေပြီး ခွင့်ပြုမည်

လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် ခွင့်ပြုမိန့်မရမီ တူးဖော်ဆောင်ရွက်ထားတဲ့ ငါး၊ ပုစွန် မွေးမြူရေးကန်တွေကို သတ်မှတ် ဒဏ်ကြေးပေးဆောင်စေပြီး ခွင့်ပြုမိန့်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။  မကြာခင်ကာလအတွင်းမှာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီရဲ့ အစီအစဉ်နဲ့ လယ်ယာမြေကို တခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်မရခင် လုပ်ငန်းဆောင်ရွက်ထားတဲ့  ငါး၊ ပုစွန် မွေးမြူရေးကန်တွေကို ဒဏ်ကြေးငွေ ၁ ဧကကို ကျပ် ၃၀ဝဝဝ နှုန်းသတ်မှတ်ပြီး ခွင့်ပြုမိန့် ထုတ်ပေးသွားမယ်လို့  စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ လက်ထောက် အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ ဒီလိုခွင့်ပြုပေးတာဟာ မြေအသုံးချမှုပြောင်းပြီးတော့ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ရည်ရွယ်တာလို့ ဆိုပါတယ်။ အခုလို လုပ်တာကြောင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းတွေအတွက် အဓိကကျတဲ့ မြေအသုံးပြုမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲဖြစ်ပြီး ခွင့်ပြုချက်မရခင် မွေးမြူနေတဲ့ လုပ်ငန်းရှင်တွေအတွက် မြေပိုင်ဆိုင်မှုဆိုင်ရာ စိုးရိမ်ကြောင့်ကြတာတွေ လျှော့ကျသွားနိုင်ပါတယ်။      အရင်က ခွင့်ပြုချက်မရရှိသေးဘဲ ဆောင်ရွက်နေတဲ့ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းရှင်တွေဟာ  ဘဏ်စနစ်နဲ့ ချိတ်ဆက်ပြီး ချေးငွေရယူနိုင်ခြင်းမရှိဘဲ အပြင်ကနေ အတိုးကြီးကြီးပေးပြီး ချေးငွေ  ရ ယူဆောင်ရွက်နေကြတာလို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ငါး၊ ပုစွန်မွေးမြူရေးဧကပေါင်း ၅ သိန်းနီးပါးရှိပြီးတော့  ဧက ၁၂၀,၀၀၀ လောက်သာ လယ်ယာမြေအခြားနည်း အသုံးပြုခွင့် ရရှိထားတာပါ။  ကျန်ဧက ၃၇၀,၀၀၀ လောက် လျှောက်ထားဆောင်ရွက်ခဲ့ပေမဲ့ ခွင့်ပြုချက်ရရှိဖို့ ကြန့်ကြာနေခဲ့တာလို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကနေ သိရပါတယ်။  စိုးချစ်ချစ်ပိုင်
8 months Ago
Up