အာဆင်နယ်အသင်းမှာ နောက်ခံလူတွေ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လာမယ့်ပွဲစဉ်တွေမှာ အခက်တွေ့ဖို့ ရှိနေပါတယ်။
မန်ယူအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နောက်ခံလူ ဆိုကရာတစ်က ခြေချင်းဝတ်ဒဏ်ရာ ရခဲ့လို့ တလအနားယူရမှာဖြစ်သလို အသင်းခေါင်းဆောင် ကိုစီယယ်နီလည်း မေးရိုးမှာ ထိခိုက်ဒဏ်ရာရခဲ့လို့ အနားယူရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းမှာ ညာနောက်ခံလူ ဘယ်လာရင်က ၉ လလောက် အနားယူရမှာဖြစ်သလို ဗဟိုနောက်ခံလူ ရော့ဒ်ဟိုးလ်ဒင်းဟာလည်း ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မူစတာဖီတဦးသာ ဗဟိုခံစစ်ကစားသမားအဖြစ် ရှိနေတာကြောင့် မွန်ရီယယ်နဲ့ ဇာခါတို့ကို နေရာပြောင်းကစားရဖို့ ရှိနေပါတယ်။
2 years Ago