လီဗာပူး ကွင်းလယ်ကစားသမား ကော်တင်ဟိုဟာ ဒဏ်ရာကြောင့် လာမယ့် သြဂုတ် ၁၉ ရက်နေ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်သေးပါဘူး။
ကော်တင်ဟိုဟာ နောက်ကျောဒဏ်ရာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်တာဖြစ်ပါတယ်။
သူ့အနာဂတ်နဲ့ပက်သက်လို့ ထင်ကြေးတွေ အမျိုးမျိုးထွက်ပေါ်နေပါတယ်။ ဘာစီလိုနာအသင်းကတော့ ဘရာဇီး ကွင်းလယ်ကစားသမားကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ ပြောဆိုထားပါတယ်။
အသက် ၂၅ နှစ်အရွယ် ကော်တင်ဟိုကလည်း အသင်းပြောင်းရွှေ့ခွင့်ပြုဖို့ လီဗာပူးအသင်းဆီ စာရေးသား တောင်းဆိုထားပါတယ်။
လီဗာပူးနည်းပြ ဂျာဂန် ကလော့ကတော့ အခြေအနေတွေက ခက်ခဲတဲ့ အနေအထားတရပ် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
5 years Ago