ဒဏ်ရာကြောင့် စပါးနောက်ခံလူ ဗာတွန်ဂန် ၆ ပတ်ခန့် နားရမည်

January 20, 2017

ဒဏ်ရာကြောင့် စပါးနောက်ခံလူ ဗာတွန်ဂန် ၆ ပတ်ခန့် နားရမည်

တော့တင်ဟမ်ဟော့စပါးအသင်း နောက်ခံလူ ဂျန် ဗာတွန်ဂန်ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဘောလုံးမကစားနိုင်တော့ဘဲ သီတင်း ၆ ပတ်လောက် အနားယူရဖွယ် ရှိနေပါတယ်။ အသက် ၂၉ နှစ်အရွယ် ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့တပတ်က ဝက်စ်ဘရွန်းကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာပါ။ စပါးနည်းပြ ပိုချက်တီနိုကတော့ သူ့နေရာမှာ အစားထိုး ကစားနိုင်တဲ့ ကစားသမား ရှိပါတယ်၊ ဒဏ်ရာက ခွဲစိတ်ကုသဖို့ မလိုပါဘူးလို့ ပြောပါတယ်။ နောက်တန်းကစားသမား ဗာတွန်ဂန်ဟာ ဒီနှစ် ပရီးမီးယားလိဂ်ရာသီ ၂၁ ပွဲမှာ ပွဲ ၂၀ အထိ ကစားထားပါတယ်။ စပါးအသင်းဟာ လောလောဆယ် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ၄၅ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေပါတယ်။
5 years Ago
Up