ဒဏ်ရာကြောင့် ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာ ၂ ပတ်ခန့် အနားယူရမည်

October 2, 2017

ဒဏ်ရာကြောင့် ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာ ၂ ပတ်ခန့် အနားယူရမည်

ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာဟာ မန်စီးတီးနဲ့ပွဲမှာရတဲ့ ဒဏ်ရာကြောင့် ၂ ပတ်လောက် အနားယူရမယ်လို့ သိရပါတယ်။ စပိန်တိုက်စစ်မှူး မိုရာတာဟာ မန်စီးတီးကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့ပွဲမှာ ပွဲချိန် ၃၅ မိနစ်မှာပဲ တံကောက်ကြောဒဏ်ရာကြောင့် ဝီလီယံနဲ့ လူစားလဲခဲ့ရပါတယ်။ မိုရာတာရဲ့ ဒဏ်ရာအခြေအနေဟာ ပြင်းထန်မှုမရှိပေမယ့် ဆက်ကစားမယ်ဆိုရင် ပြင်းထန်တဲ့ဒဏ်ရာ ဖြစ်နိုင်တဲ့အတွက် လူစားလဲခဲ့ရတာဖြစ်တယ်လို့ နည်းပြကွန်တီက ပြောပါတယ်။ ဒါပေမယ့် ၂ ပတ်လောက် အနားယူရမှာဖြစ်လို့ စပိန်အသင်းနဲ့ ကစားရမယ့် နိုင်ငံတကာပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည်ကစားနိုင်မယ်လို့ သိရပါတယ်။ ဒီနှစ်နွေရာသီကမှ ရီးရဲလ်မက်ဒရစ်ကနေ ပြောင်းရွှေ့လာတဲ့ မိုရာတာဟာ ပရီးမီးယားလိဂ် ၇ ပွဲ ကစားအပြီးမှာ ၆ ဂိုးအထိ သွင်းယူထားပါတယ်။
4 years Ago
Up