ဒဏ်ရာကြောင့်

September 30, 2017

ဒဏ်ရာကြောင့် ပေါ့ဘာ ကာလကြာရှည် နားရဖွယ်ရှိဟု မန်ယူနည်းပြပြော

ကွင်းလယ်သမား ပေါ့ဘာရဲ့ တကောက်ကြောရဲ့ ဒဏ်ရာအခြေအနေဟာ ကာလကြာရှည် အနားယူရဖွယ်ရှိတယ်လို့ မန်ယူ နည်းပြ မော်ရင်ဟိုက ပြောပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်သမားဟာ ဘာဆယ်ကို အနိုင်ရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒဏ်ရာရခဲ့တာပါ။ မူလတုန်းက ပေါ့ဘာရဲ့ဒဏ်ရာကို ၁ လခွဲလောက်အထိ အနားယူရလိမ့်မယ်လို့ ခန့်မှန်းထားတာပါ။ နည်းပြ မော်ရင်ဟိုကတော့ ကစားသမားအနေနဲ့ ဘယ်အချိန်မှ ပြန်ကစားနိုင်လိမ့်မယ်ဆိုတာကို အတိအကျ ပြောဆိုထားခြင်းတော့ မရှိပါဘူး။ ပြင်သစ် လက်ရွေးစင် တယောက်ဖြစ်တဲ့ ပေါ့ဘာဟာ မန်ယူ ကွင်းလယ်မှာ အဓိက အားထားရတဲ့ ကစားသမားတယောက်လည်း ဖြစ်ပါတယ်။
4 years Ago
Up