ဒဏ်ရာရ (ရုပ်သံ)

February 9, 2018

လူစီးမီးပုံးပျံ မြေပြင်ကို ကြမ်းတမ်းစွာဆင်းသက်၊ လူများ လွင့်စင်ထွက်ပြီး ဒဏ်ရာရ (ရုပ်သံ)

သြစတြေးလျနိုင်ငံ ဗစ်တိုရီးယားပြည်နယ်က ယာရာဗေလီဒေသမှာ ဖေဖော်ဝါရီ ၈ ရက်က လူစီးမီးပုံပျံယာဉ်တစီး မြေပြင်ကို ကြမ်းကြမ်းတမ်းတမ်း ဆင်းသက်ခဲ့တာကြောင့်  လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ မီးပုံးပျံမောင်းနှင်သူက ဆင်းသက်ဖို့ကြိုးစားနေချိန်မှာ ယာဉ်ထဲကလူတွေ အပြင်ကို လွှင့်စင်ထွက်ကုန်တယ်လို့ ရဲကပြောပါတယ်။ ကျောနဲ့ လည်ပင်းတွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ ခရီးသည်တွေကို အရေးပေါ်ကယ်ဆယ်ရေးဌာနက ရှေးဦးသူနာပြုစု ပေးခဲ့ပြီး ဒဏ်ရာရှိသူ ၇ ဦးကို ဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်။ ဆေးရုံတင်ထားရတဲ့ လူနာ တွေထဲမှာ ၆ ဦးဟာ အသက် ၅၀ ကျော်အရွယ်တွေဖြစ်ပြီး ၁ ဦးက အသက် ၂၀ အရွယ်ဖြစ်တယ်လို့လည်း သိရပါတယ်။ လူစီမီးပုံးပျံယာဉ်ဟာ ဂလန်ဘန်မြို့က ၁၅ မိုင်ခွဲလောက် ပျံသန်းခဲ့ပြီး မိနစ် ၂၀ အကြာ ယာရာဗေလီဒေသကို ဆင်းသက်ခဲ့ချိန်မှာ အခုလိုဖြစ်ခဲ့တာပါ။ မတော်တ ဆမှုဖြစ်ခဲ့တာနေရာဟာ မဲလ်ဘုန်းမြို့မြောက်ပိုင်း ၃၇ ဒသမ ၃ မိုင် အကွာမှာ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up