ဒဏ်ရာရ ပါလက်စတိုင်းအား ပစ်သတ်ခဲ့သည့် အစ္စရေးတပ်သားကို ထောင်ဒဏ် ၁၈ လ ချမှတ်

July 31, 2017

ဒဏ်ရာရ ပါလက်စတိုင်းအား ပစ်သတ်ခဲ့သည့် အစ္စရေးတပ်သားကို ထောင်ဒဏ် ၁၈ လ ချမှတ်

ပါလက်စတိုင်း အနောက်ဘက်ကမ်းခြေမှာ မလှုပ်ရှားနိုင်တော့တဲ့ ပါလက်စတိုင်း တိုက်ခိုက်သူတဦးကို ပစ်သတ်မှုနဲ့ ဇူလိုင် ၃၀ ရက်နေ့မှာ အစ္စရေးစစ်ခုံရုံးက တပ်သားဟောင်းတဦးကို ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ပါတယ်။ အခု ပြစ်ဒဏ်ချမှတ်မှုဟာ အစ္စရေးသမိုင်းမှာ ဝေဖန်မှုအများဆုံး ပြစ်ဒဏ်ချမှတ်မှုတခု ဖြစ်ခဲ့ပါတယ်။ တရားခံ အယ်လော် အာဇာရီးယားက သူဟာ ကာကွယ်ရေးလမ်းညွှန်ချက်အတိုင်း ဆောင်ရွက်တာလို့ အဆိုတင်သွင်းခဲ့တာကို တရားသူကြီးတွေနဲ့ စစ်ဗိုလ်ချုပ်တွေက ငြင်းပယ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အက်ဇာရီးယားက ဆေးတပ်သားအဖြစ်နဲ့ ပါလက်စတိုင်း အနောက်ဘက်ကမ်းခြေက ဟေဘရွန်မြို့မှာ တာဝန်ထမ်းဆောင်နေချိန် ပါလက်စတိုင်းသား ၂ ဦးက ဓားနဲ့ဝင်ထိုးခဲ့လို့ အစ္စရေးစစ်သားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တပ်ဖွဲ့တွေက ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် တိုက်ခိုက်သူ ပါလက်စတိုင်းတဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဒဏ်ရာနဲ့လဲနေတဲ့ ကျန်တဦးကို အဲဒီအချိန်က အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ အက်ဇာရီးယားက ရိုင်ဖယ်နဲ့ ခေါင်းကို ချိန်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ကို ပါလက်စတိုင်း အခွင့်အရေး လှုပ်ရှားသူတွေက ဗွီဒီယိုမှတ်တမ်း တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
4 years Ago
Up