ဒဏ်ရာရသော်လည်း အသင်းအောင်နိုင်ရေး အားကြိုးမာန်တက် ကြိုးစားခဲ့သည့် ရော်နယ်ဒို

July 12, 2016

ဒဏ်ရာရသော်လည်း အသင်းအောင်နိုင်ရေး အားကြိုးမာန်တက် ကြိုးစားခဲ့သည့် ရော်နယ်ဒို (ရုပ်သံ)

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ပေါ်တူဂီနဲ့ ပြင်သစ်တို့ ကစားနေစဉ် ဒဏ်ရာကြောင့် နာသွားတဲ့ ရော်နယ်ဒိုကို ကွင်းပြင်မှာ နည်းပြနဲ့အတူ ကြီးကြပ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ခေါင်းကုတ်လိုက် အသင်းဖော်တွေရဲ့ ကစားတာကို အားမလို အားမရနဲ့ ဘေးကနေ ခုန်ပေါက်နေတဲ့ ရော်နယ်ဒိုရဲ့ ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်လည်း အင်တာနက်မှာ ပျံ့နှံ့နေပါတယ်။ တခါတခါ ကွင်းထဲကနေ ရေလာသောက်တဲ့ ကစားသမားကိုလည်း နည်းပြနဲ့အတူ ညွှန်ကြားချက်တွေ ပေးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြနဲ့အတူ ကစားသမားတွေကို အော်ဟစ်ညွှန်ကြားနေသလို တချက်တချက် နည်းပြကို လိုက်ဆွဲနေတာကိုလည်း ရုပ်သံမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ပွဲအပြီးမှာလည်း ပေါ်တူဂီနည်းပြ ဆန်းတော့စ်က ရော်နယ်ဒိုဟာ အသင်းခေါင်းဆောင်တယောက်အနေနဲ့ အသင်းသားတွေ စိတ်ဓာတ်မကျအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒီပွဲမှာ ပေါ်တူဂီက ပြင်သစ်အသင်းကို အချိန်ပိုမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ယူရို ၂၀၁၆ မှာ ဗိုလ်စွဲသွားပါတယ်။
7 years Ago
Up