ဒဏ်ရာရသည့် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း ဆေးစစ်မှုခံယူမည်

September 26, 2016

ဒဏ်ရာရသည့် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း ဆေးစစ်မှုခံယူမည်

မန်စီးတီး ကွင်းလယ်ကစားသမား ကီဗင် ဒီဘရိုင်းဟာ ဒဏ်ရာရသွားတဲ့အတွက် ဆေးစစ်မှု ခံယူရတော့မှာ ဖြစ်ပါတယ်။ ဒီဘရိုင်းဟာ မန်စီးတီးက ဆွမ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာပါ။ အသက် ၂၅ နှစ်အရွယ် ဘယ်ဂျီယံ ကွင်းလယ်ကစားသမားဟာ ဒဏ်ရာကြောင့် ၈၁ မိနစ်မှာ လူစားလဲတာ ခံခဲ့ရပါတယ်။ နည်းပြ ဂွာဒီယိုလာကတော့ ကစားသမားရဲ့ ဒဏ်ရာအခြေအနေက ဘယ်လောက်အထိ ဆိုးဝါးသလဲဆိုတာကို မသိဘူး၊ ဒါပေမယ့် သူ အသင်းအတွက် အရေးကြီးတဲ့ ကစားသမား တယောက်ပါလို့ ပြောပါတယ်။ မန်စီးတီးဟာ လာမယ့် စက်တင်ဘာ ၂၈ ရက်နေ့မှာ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဆဲလ်တစ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ စီးတီးဟာ လောလောဆယ် ပရီးမီးယားလိဂ်မှာ ၆ ပွဲကစား ၆ ပွဲလုံးနိုင်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
5 years Ago
Up