ဒဏ်ရာရကစားသမား များနေသော်လည်း စိုးရိမ်စရာမရှိဟု ရီးရဲလ်နည်းပြ ပြော

January 25, 2017

ဒဏ်ရာရကစားသမား များနေသော်လည်း စိုးရိမ်စရာမရှိဟု ရီးရဲလ်နည်းပြ ပြော

စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်မှာ ဒဏ်ရာရတဲ့ ကစားသမားတွေ များနေပေမယ့် ဆဲလ်တာဗီဂိုနဲ့ ဒီနေ့ည ကစားမယ့် စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွက် စိုးရိမ်စရာ မရှိဘူးလို့ နည်းပြ ဇီဒန်းက ပြောပါတယ်။ ရီးရဲလ်အသင်းဟာ ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာတုန်းက ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ လောလောဆယ် ရီးရဲလ်အသင်းမှာ ကွင်းလယ်ကစားသမားဖြစ်တဲ့ မိုဒရစ်၊ ဘယ်နောက်ခံလူ မာဆယ်လို၊ ဂျိမ်း ရော်ဒီဂွတ်၊ ဂါရတ် ဘေးလ် တို့လို ကစားသမားတွေ ဒဏ်ရာရနေပါတယ်။ နည်းပြ ဇီဒန်းကတော့ လက်ရှိ ကစားသမားတွေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ ဆိုထားပါတယ်။
5 years Ago
Up