ဒဏ်ရာမှပြန်ကောင်းလာသည့် ဟာဇက်ကို အရဲစွန့်သုံးမည်မဟုတ်ဟု နည်းပြ ကွန်တီပြော

September 14, 2017

ဒဏ်ရာမှပြန်ကောင်းလာသည့် ဟာဇက်ကို အရဲစွန့်သုံးမည်မဟုတ်ဟု နည်းပြ ကွန်တီပြော

ဒဏ်ရာပြဿနာကနေ ပြန်ကောင်းလာတဲ့ ဟာဇက်ကို အရဲစွန့် အသုံးပြုမှာ မဟုတ်သေးဘူးလို့ ချဲလ်ဆီးနည်းပြ ကွန်တီက ပြောကြားလိုက်ပါတယ်။ တောင်ပံကစားသမား ဟာဇက်ဟာ ပြီးခဲ့တဲ့ဇွန်လက ဘယ်လ်ဂျီယံအသင်းအတွက် ကစားရင်း ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့လို့ ၃ လလောက် အနားယူခဲ့ရတာပါ။ ဟာဇက်ဟာ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပထမဆုံးအကြိမ် ပြန်လည်ကစားခဲ့ပေမယ့် ဒဏ်ရာထပ်ရမှာကို နည်းပြကွန်တီက စိုးရိမ်နေပါတယ်။ ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်မှုကနေ ပြန်ကောင်းလာတဲ့ ဟာဇက်ရဲ့ ကြိုးစားမှုကို ချီးကျူးလိုပြီး လက်ရှိအချိန်မှာ ကြံ့ခိုင်မှု ကောင်းမွန်လာပြီဖြစ်ပေမယ့် ပွဲထွက်ကစားစေမှာ မဟုတ်သေးဘူးလို့လည်း ကွန်တီက ဆိုပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့် စက်တင်ဘာ ၁၇ ရက်နေ့မှာ အာဆင်နယ်နဲ့ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဟာဇက်ကို အရန်ခုံမှာပဲထားဖို့ ရှိနေပါတယ်။
4 years Ago
Up