ဒဏ်ရာ

March 30, 2019

စီရော်နယ်ဒို၏ ဒဏ်ရာအခြေအနေ ပြန်လည်သက်သာလာ

တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဒဏ်ရာအခြေအနေက ပြန်လည် သက်သာလာနေပြီလို့ ဂျုဗင်တပ် တိုက်စစ်မှူး အယ်လီဂရီက ပြောပါတယ်။ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆားဘီးယားနဲ့ ကစားတဲ့ ယူရိုခြေစစ်ပွဲစဉ်မှာ တကောက်ကြော ဒဏ်ရာရခဲ့တာပါ။ ဂျုဗင်တပ်အသင်းဟာ ဒီညမှာ စီးရီးအေ ပွဲစဉ်အဖြစ် အမ်ပိုလီနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဂျုဗင်တပ်နည်းပြကတော့ ဒီညပွဲစဉ်အတွက် အသက် ၃၄ နှစ်အရွယ် ရော်နယ်ဒိုကို စွန့်စားပြီး သုံးမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ဂျုဗင်တပ်အသင်းဟာ ဧပြီ ၁၀ ရက်နေ့မှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် နယ်သာလန်ကလပ် အေဂျက်နဲ့ ယှဉ်ပြိုင်ရမှာပါ။
3 years Ago

February 3, 2019

ဒဏ်ရာကြောင့် ရီးရဲလ်နှင့်ကစားမည့် ကိုပါဒယ်ရေးဆီမီးဖိုင်နယ်ပွဲ မက်ဆီ မသေချာဖြစ်နေ

ဗလင်စီယာအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အဓိကကစားသမား ဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ ပေါင်ခြံဒဏ်ရာရရှိခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေတဲ့ စပိန်ကိုပါဒယ်ရေး အကြိုဗိုလ်လုပွဲမှာ ပါဝင်လာဖို့ မသေချာဖြစ်နေပါတယ်။ လာမယ့်  ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်အစောပိုင်းမှာ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်ပွဲစဉ်ဟာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အတွက် အရေးပါတဲ့ ဖလားတလုံး ဖြစ်တာကြောင့် မက်ဆီရဲ့ ဒဏ်ရာဟာ ဘာစီလိုနာအတွက် အခက်အခဲတခု ဖြစ်လာနိုင်ပါတယ်။ မက်ဆီဟာ အခုရာသီ ပွဲ ၂၀ ကစား ၂၁ ဂိုးသွင်းယူထားပြီး ၁၀ ကြိမ် ဂိုးဖန်တီးပေးထားပါတယ်။ ဗလင်စီယာနဲ့ ပွဲစဉ်မှာလည်း ၂ ဂိုးသွင်းယူပြီး လာလီဂါ နောက်ဆုံး ၉ ပွဲဆက် ဂိုးသွင်းယူထားနိုင်သူလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ၂၂ ပွဲကစား ရမှတ် ၅၀ ရရှိထားပြီး အမှတ်ပေးဇယား ဒုတိယနေရာက အက်သလက်တီကို မက်ဒရစ်အသင်းကို ၆ မှတ်ထိ ဖြတ်ထားပါတယ်။
3 years Ago
More News
Up