ဒဏ်ခတ်ပိတ်ဆို့မှု

November 1, 2018

နျူကလီးယားအစီအစဉ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို မြောက်ကိုရီးယား ရှုတ်ချ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အပန်းဖြေစခန်း ဆောက်လုပ်ရေးလုပ်ငန်း ခွင်ကို သွားရောက်လည်ပတ်ချိန်မှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်အပေါ်  ဒဏ်ခတ်ပိတ်ဆို့မှုကို ပြစ်တင်ရှုတ်ချလိုက်တယ်လို့ အစိုးရမီဒီယာ KRT က နိုဝင်ဘာ ၁ ရက်နေ့မှာ ဖော်ပြပါတယ်။ ကင်မ်က အဆင့်မြင့် အရာရှိတွေနဲ့အတူ ဝမ်ဆန်အရပ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ လိုက်ကြည့်နေတဲ့ ဓာတ်ပုံတွေကိုလည်း ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။ နျူကလီးယား အစီအစဉ်တွေကြောင့် နိုင်ငံတကာက ဒဏ်ခတ်မှုကို တုံ့ပြန်ရာမှာ စီးပွားရေး စီမံကိန်းတွေဟာ လက်ရှိအာဏာရပါတီကို ပံ့ပိုးဖို့ ဆုံးဖြတ်ချက်ပေးမယ့် တိုက်ပွဲသစ်တွေပဲလို့ ကင်မ်က အလုပ်သမားတွေကို ပြောခဲ့တာပါ။ ရန်လိုတဲ့ တွန်းအားတွေနဲ့ ဒဏ်ခတ်မှုတွေကိုလည်း ပြစ်တင်ရှုတ်ချပြီး နိုင်ငံ့အင်အားကို ကိုယ်တိုင်အားဖြည့်ဖို့ အာရုစိုက်မယ်လို့လည်း ဆိုပါတယ်။ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်မယ့် ကင်မ်ရဲ့ကတိကို အမေရိကန်အရာရှိတွေ က ယုံကြည်မှု ကင်းမဲ့နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားရဲ့ ကတိကို ကင်မ်နဲ့ ဇွန်လမှာ တွေ့ဆုံခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အားတက်သရော တုံ့ပြန်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ် တွေ့ဆုံဖို့ စိတ်အား ထက်သန်ကြောင်းလည်း ပြသခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ အဓိကပန်းတိုင်ကို သဘောမတူခင် နျူကလီးယားနဲ့ ဒုံးကျည်အစီအ စဉ်ရဲ့ ပံ့ပိုးမှု အင်္ဂါရပ်တွေကို အပြည့်အဝ ပိတ်ချဖို့ အမေရိကန် အစိုးရက တောင်းဆိုထားပြီး အသေးစိတ် အချက်အလက်တွေကို ပေးဖို့ကိုတော့ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ထားပါတယ်။
3 years Ago
Up