ဒစ်ဂ်နေး

August 2, 2018

ဘာစီလိုနာ နောက်ခံလူ ဒစ်ဂ်နေး အဲဗာတန်ကို ရောက်ပြီ

အခုရာသီ အ​ပြောင်းအ​ရွှေ့ဈေးကွက်​မှာ ကစားသမား​တွေ ဆက်​တိုက်​ဝယ်​ယူ​နေခဲ့တဲ့ အဲဗာတန်​အသင်းက​တော့ ဘာစီလိုနာအသင်းက ကြယ်​ပွင့် ဒစ်​ဂ်နေးကို ပေါင်​ ၁၈ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်​။ အသက် ၂၅ နှစ်​အရွယ်​ ​နောက်​ခံလူ ဒစ်​ဂ်နေးဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ နည်းပြ ဒီဒီယာ ဒက်​စ်​ချမ့်​ရဲ့ အကြိုက်​​တွေ့ကစားသမား မဟုတ်​ခဲ့​ပေမယ့်​ ရိုးမားနဲ့ ဘာစီလိုနာ အစရှိတဲ့ အသင်း​တွေမှာ ကစားခဲ့တဲ့ ဥ​ရောပအ​တွေ့အကြုံရှိ ကစားသမား ဖြစ်​ပါတယ်​။ ဒစ်ဂ်နေးက​တော့ နည်းပြ မာကို​ဆေးလ်​ဗားနဲ့ စကား​ပြောအပြီးမှာ အဲဗာတန်​ကို ပြောင်း​ရွှေ့ဖို့ ဆုံးဖြတ်​ချက်​ချခဲ့တာဖြစ်​ပြီး တကယ့်​ကို ကောင်းမွန်​တဲ့ နည်းပြတဦး ဖြစ်​တယ်​လို့ ပြောပါတယ်​။ ဒါ့အပြင် အသင်းနဲ့ အ​ကောင်းဆုံး ပူး​ပေါင်းပြီး ကြိုးစားသွားမယ်​လို့ ပြောပါတယ်​။ ဒစ်​ဂ်နေးအ​နေနဲ့ အသင်းရဲ့ အဓိက ကစားသမား လေတန်​ဘိန်းစ်​နဲ့ ​ညာ​နောက်​ခံလူ​နေရာအတွက်​ ပွဲထွက်​​နေရာရရှိရေး ယှဉ်​ပြိုင်​ရဖို့ ရှိနေပါတယ်။
3 years Ago

July 31, 2018

ဘာစီလိုနာနောက်ခံလူ ဒစ်ဂ်နေးကို အဲဗာတန် ခေါ်ယူမည်

အဲဗာတန်အသင်းဟာ ဘာစီလိုနာနောက်ခံလူ ဒစ်ဂ်နေးကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရှိ ပြင်သစ်နောက်ခံလူ ဒစ်ဂ်နေးဟာ အဲဗာတန်အသင်းမှာ ဆေးစစ်မှုခံယူဖို့အတွက် အင်္ဂလန်ကို ရောက်ရှိနေပြီး မကြာခင်ကာလအတွင်းမှာ တရားဝင် ကြေညာပေးမယ်လို့ သိရပါတယ်။ ဒစ်ဂ်နေးဟာ ပြီးခဲ့တဲ့ ၂ နှစ်က ပီအက်စ်ဂျီကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ နှစ်တုန်းက ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခွင့်ရလို့  မိမိရဲ့အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ နှုတ်ဆက်ရမယ့်အချိန် ဖြစ်တယ်လို့ ဒစ်ဂ်နေးက သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ဝါရင့်နောက်ခံလူ လေတန်ဘိန်းစ်ရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့အတွက် ဒစ်ဂ်နေးကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။
3 years Ago
Up