ဒင်းနစ်အာဝင်

June 23, 2020

ဆိုးလ်ရှားက ယူနိုက်တက်ကို အောင်မြင်မှုများ ရယူပေးလိမ့်မည်ဟု ဒင်းနစ်အာဝင် သုံးသပ် 

နည်းပြဆိုးလ်ရှားဟာ မန်ယူအသင်းကို အံ့အားသင့်စရာ အောင်မြင်မှုတွေ ရယူပေးလိမ့်မယ်လို့ အသင်းဖော်ဟောင်း ဒင်းနစ်အာဝင်က ချီးကျူးလိုက်ပါတယ်။  ဆိုးလ်ရှားနဲ့ အာဝင်တို့ဟာ ၁၉၉၉ ခုနှစ်မှာ ဖလားသုံးလုံး ရယူနိုင်ခဲ့ကြတဲ့ အသင်းသားတွေ ဖြစ်ပါတယ်။  ကစားသမားဘဝကတည်းက ဆိုးလ်ရှားရဲ့ လေ့လာမှုတွေကို မြင်တွေ့ခဲ့ရပြီး သူဟာ လူစားဝင်ကစားချိန်တိုင်းမှာ ပြိုင်ဘက် နောက်ခံလူတွေရဲ့ အားနည်းချက်ကို အသုံးချနိုင်ခဲ့တယ်လို့ ဒင်းနစ်အာဝင်က ချီးကျူးပါတယ်။  ဉာဏ်ကောင်းတဲ့ ကစားသမားဖြစ်တဲ့အတွက် နည်းပြဘဝကို ကူးပြောင်းနိုင်ခဲ့တာဟာ အံ့အားသင့်စရာ မဟုတ်ကြောင်း အာဝင်ကပြောပါတယ်။  အခုခေတ်မှာ နည်းပြတစ်ဦးရဲ့ဘဝဟာ ဖိအားတွေ အများကြီးရှိပြီး ဆိုးလ်ရှားက အသင်းရဲ့သမိုင်းကြောင်းကို သိရှိသူဖြစ်သလို ဉာဏ်ရည် ထက်မြက်သူလည်း ဖြစ်တာကြောင့် အံ့အားသင့်စရာ အောင်မြင်တွေ ရယူနိုင်လိမ့်မယ်လို့ ဒင်းနစ်အာဝင်က သုံးသပ်ခဲ့ပါတယ်။  နည်းပြဆိုးလ်ရှားဟာ ယာယီနည်းပြအနေနဲ့ ရောက်ရှိလာခဲ့ပေမယ့် ၂၀၁၉ ခုနှစ် မတ်လက သုံးနှစ်စာချုပ် ချုပ်ဆိုပြီး အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။
12 months Ago
Up