ဒင်းနစ်ဆွာရက်ဇ်

February 2, 2019

ဒင်းနစ်ဆွာရက်ဇ် နေရာစုံကစားနိုင်ဟု အာဆင်နယ်နည်းပြပြော

ဒင်းနစ်ဆွာရက်ဇ်ဟာ တိုက်စစ်ရဲ့ နေရာစုံကစားနိုင်တဲ့ ကစားသမားဖြစ်ပြီး ကစားသမားအပေါ်မှာ ယုံကြည်မှုရှိတယ်လို့ နည်းပြ အူနိုင်းအန်မရီက ပထမဆုံးအကြိမ် ချီးကျူးပြောဆိုလိုက်ပါတယ်။ ဒင်းနစ်ဆွာရက်ဇ်သာ ပွဲထွက်ကစားခွင့် ရရှိမယ်ဆိုရင်တော့ ဒီနေ့ညမှာ အသင်းဟောင်း မန်စီးတီးကို ပြန်လည်ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အူနိုင်းရဲ့ ပြောကြားချက်အရ ဆွာရက်ဇ်ဟာ ဆီဗီလာမှာ ဘယ်တောင်ပံက ကစားခဲ့ပေမယ့် ဗီလာရီးရဲလ်မှာတော့ ညာတောင်ပံကစားခဲ့ကြောင်း၊ ဘာစီလိုနာမှာတော့ အတွင်းပိုင်းကို ပိုပြီးဝင်ကစားခဲ့ရတာကြောင့် တိုက်စစ်အတွက် နေရာစုံနဲ့အံဝင်မယ်လို့ ယုံကြည်နေပါတယ်။ ဒါ့ပြင် မန်စီးတီးအသင်းမှာလည်း ကစားခဲ့ဖူးလို့ ပရီးမီးယားလိဂ်ရဲ့ အထာကို သိနေတဲ့ ကစားသမားဖြစ်တယ်လို့ ဆိုပါတယ်။ အူနိုင်းအနေနဲ့ ဆီဗီလာမှာ လက်တွဲခဲ့ဖူးတဲ့ ဆွာရက်ဇ်ကို အပြောင်းအရွှေ့မပိတ်မီ အသည်းအသန် ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အခုရာသီအငှါးစာချုပ်အပြင် ရာသီအကုန်မှာ ပေါင်သန်း ၂၀ နဲ့ အပြီးသတ်ခေါ်ယူခွင့်လည်း ရရှိမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ရေး အရေးပါတဲ့ အာဆင်နယ်နဲ့ ဒီနေ့ည ယှဉ်ပြိုကစားရမယ့် ပွဲစဉ်ကိုတော့ အမှားမခံဘဲ အနိုင်ရလဒ်ရရှိအောင် ကြိုးပမ်းဖို့ ရှိနေတယ်လို့ သိရပါတယ်။
2 years Ago

January 31, 2019

ဒင်းနစ်ဆွာရက်ဇ်လို တောင်ပံကစားသမား လိုအပ်ဟု အာဆင်နယ်နည်းပြ ပြော

အသင်းမှာ ဒင်းနစ်ဆွာရက်ဇ်လို တောင်ပံကစားသမား လိုအပ်တယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ပြောကြားလိုက်ပါတယ်။ ကာဒစ်စီးတီးအသင်းကို အနိုင်ရတဲ့ပွဲစဉ် အပြီးမှာ ပြောကြားခဲ့တာဖြစ်ပြီး  ဒင်းနစ်ဆွာရက်ဇ်အနေနဲ့ မကြာခင်မှာ အသင်းနဲ့ စာချုပ် ချုပ်ဆိုဖို့ ရှိနေတာ ဖြစ်ပါတယ်။ အသင်းမှာ တောင်ပံကစားသမား လိုအပ်ပြီး ဆွာရက်ဇ်ဟာ အဲဒီနေရာမှာ ကစားနိုင်တဲ့ အရည်အသွေးတွေ ရှိတယ်လို့ အမ်မရီက ပြောကြားခဲ့တာပါ။ နည်းပြ အမ်မရီနဲ့ ဒင်းနစ်ဆွာရက်ဇ်တို့ဟာ ဆီဗီလာအသင်းမှာ အတူလက်တွဲခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ မူလက ဒင်းနစ်ဆွာရက်ဇ်ကို ထွက်ခွာခွင့်ပြုဖို့ ပယ်ချထားခဲ့ပေမယ့် စာချုပ်သက်တမ်းတနှစ် တိုးခဲ့တာကြောင့် အငှားချဖို့ ခွင့်ပြုခဲ့တာလို့ သိရပါတယ်။ သတင်းတွေအရ အာဆင်နယ်အသင်းဟာ ဆွာရက်ဇ်နဲ့ အပြောင်းအရွှေ့ကိစ္စတွေ လုပ်ဆောင်နေပြီး မကြာခင်မှာ တရားဝင် သတင်းထုတ်ပြန်ဖို့ ရှိနေပါတယ်။ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ ကိုယ်တိုင်ကလည်း ဒင်းနစ်ဆွာရက်ဇ် အသင်းပြောင်းရွှေ့မှာ ဖြစ်တယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဆွာရက်ဇ်ကို အငှားစာချုပ်နဲ့ ခေါ်ယူမှာဖြစ်ပေမယ့် ရာသီကုန်မှာ ပေါင်သန်း ၂၀ နဲ့ ခေါ်ယူခွင့်ရမယ့် သဘောတူညီမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။
2 years Ago
Up