ဒင်းနစ်ဆွာရက်ဇ်

February 1, 2019

ဘာစီလိုနာကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ကို အာဆင်နယ် အငှားစာချုပ်ဖြင့် ခေါ်ယူ

အာဆင်နယ်အသင်းဟာ ဘာစီလိုနာ ကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ရာသီအကုန်မှာ ပေါင်သန်း ၂၀ နဲ့ အပြီးသတ် စာချုပ် ချုပ်ဆိုနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒင်းနစ်ဆွာရက်ဇ်က အာဆင်နယ်အသင်းနဲ့ ပထမဆုံး အင်တာဗျူးမှာ အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား ရယူသွားချင်သလို လာမယ့်နှစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရအောင်လည်း ကူညီပေးချင်တယ်လို့ ဒင်းနစ် ဆွာရက်ဇ်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ငယ်စဉ်ကတည်းက ပရီးမီးယားလိဂ်ပွဲတွေ ကြည့်ခဲ့ဖူးပြီး ဘားကမ့်နဲ့ အွန်နရီက သူနဲ့ရင်းနှီးတဲ့ အာဆင်နယ်ကစားသမားတွေ ဖြစ်ခဲ့ပြီး သူတို့ရဲ့ခြေရာကို နင်းနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဆွာရက်ဇ်က ပြောကြားခဲ့ပါတယ်။ အသက် ၂၅ နှစ်ရှိ စပိန်ကွင်းလယ်လူ ဆွာရက်ဇ်ဟာ ၂၀၁၅ ခုနှစ်က ဆီဗီလာအသင်းမှာ ကစားခဲ့စဉ်ကလည်း နည်းပြ အူနိုင်းအမ်မရီနဲ့ လက်တွဲဖူးပြီး ယူရိုပါလိဂ်ဖလားရအောင် ကစားနိုင်ခဲ့ပါတယ်။
2 years Ago
Up