ဒဂုံမြို့သစ်တောင်ပိုင်းတွင် စက်မှုလက်မှုသိပ္ပံကျောင်း တည်ဆောက်မည်

September 29, 2018

ဒဂုံမြို့သစ်တောင်ပိုင်း ကျူးကျော်တဲများကို ရဲတပ်ဖွဲ့က ၀င်ရောက်ရှင်းလင်း (ဓာတ်ပုံ)

ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန် ၁ ဘေး ၆၅ ရပ်ကွက် ကြက်ဆူပင်စိုက်ကွင်းမှာ နေထိုင်ကြတဲ့ ကျူးကျော်တဲတွေကို စက်တင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေ ပြည်သူ ၅၀၀ လောက်က ဝင်ရောက်ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။ ကျူးကျော်နေထိုင်သူတွေကို မနက် ၅ နာရီလောက်က နေအိမ်ပစ္စည်းတွေ ရွှေ့ပြောင်းပေးဖို့ အချိန် ၁ နာရီလောက် ပေးပြီး နေအိမ်တွေကို ဖျက်ဆီးဖယ်ရှားခဲ့ပါတယ်။ ကျူးကျော်နေထိုင်သူတွေနဲ့ စက်ရုံအလုပ်ရုံပေါင်း ၁၂၀ ကျော်ရှိပြီး နေအိမ်တွေကို ဖယ်ရှားပေးဖို့ ငွေကျပ်ဆယ်သိန်းနဲ့ လာရောက်ညှိနှိုင်းခဲ့ပေမယ့် လက်ခံခြင်း မရှိတာကြောင့် နေအိမ်တွေ ဖယ်ရှားပေးဖို့ စာသုံးကြိမ်ပေးပို့ ခဲ့ပြီး အင်အားသုံး ဖယ်ရှားခဲ့တာပါ။ သတင်းဓာတ်ပုံ - သူသူအောင်
4 years Ago

July 24, 2018

ဒဂုံမြို့သစ်တောင်ပိုင်းတွင် စက်မှုလက်မှုသိပ္ပံကျောင်း တည်ဆောက်မည်

ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ စက်မှုလက်မှုသိပ္ပံကျောင်းတခုကို ဘတ်ဂျက်လျာထားချက် အတည်ပြုပြီးရင် အကောင်အထည်ဖော်တော့မယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ စက်မှုလက်မှု သိပ္ပံကျောင်းကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ ၁၀၅ ရပ်ကွက်၊ လှော်ကားလမ်းနဲ့ ကရုဏာလမ်းထောင့် မြေဧရိယာ ၁၄ ဧကပေါ်မှာ တည်ဆောက်ဖို့ စီစဉ်ထားတာပါ။ ဒဂုံမြို့သစ်တောင်ပိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က “ပြည်ထောင်စု အစိုးရဆီက ကတိကဝတ် ရပြီးပါပြီ။ ဘက်ဂျက်လျာထားချက်မှာ ပါဝင်ပါတယ်။ အခု နဝမအကြိမ် လွှတ်တော်မှာ အတည်ပြုပြီးရင် အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်” လို့  ပြောပါတယ်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ မဲဆန္ဒနယ်၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က “တိုင်းဒေသကြီး အစိုးရကလည်း အခု လျာထားတဲ့နေရာကို ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။ ဘက်ဂျက်လာထားချက်မှာ ပါပြီ ဆိုကတည်းက ဆောက်ဖို့ အတည်ပြုပြီလို့ ယူဆလို့ ရပါတယ်”လို့  ပြောပါတယ်။ အဆိုပါ စက်မှုလက်မှုသိပ္ပံကျောင်းကို  သုံးထပ်အဆောက်အဦ အမျိုးအစား တည်ဆောက်သွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
5 years Ago
Up