ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မှတ်ပုံတင်အတုများဖမ်းမိ

October 12, 2017

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တည်းခိုခန်းတွင် တည်းခိုသူတဦးထံမှ လက်ပစ်ဗုံး သိမ်းဆည်းရမိ

ရန်ကုန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တည်းခိုခန်းတခုမှာ အောက်တိုဘာ ၁၁ ရက်က တည်းခိုနေသူတဦဆီက လက်ပစ်ဗုံး သိမ်းဆည်းရမိခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၅၈)ရပ်ကွက်ရှိ  စိုပြေတည်းခိုခန်း အခန်း (၁ဝ၂) ကို ရဲတပ်ဖွဲ့တွေက သတင်းအရ ရှောင်တခင် ဝင်စစ်ဆေးရာမှာ  တည်းခိုနေတဲ့ စောကျော်လင်းဦး (၃၃-နှစ်)ရဲ့ အနက်ရောင်အိတ်အတွင်းမှ ဓားအိမ်ပါ၊ အရိုးအသွား ၁ဝ လက်မခန့်ရှိ ဓားမြှောင်တချောင်း၊ 81 လက်ပစ်ဗုံးသီး တလုံးနဲ့ ပိုက်ဆံအိတ်ထဲ ထည့်ထားတဲ့ လက်ပစ်ဗုံးသီး စနက်တံ တခု၊ ၃၈ ကျည် လေးတောင့်ပါ သေနတ် ချိုင်းလွယ်အိတ် တခုတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ စောကျော်လင်းဦးကို  ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံ-MOI
4 years Ago

July 11, 2017

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မှတ်ပုံတင်အတုများဖမ်းမိ

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၁၆၈) ရပ်ကွက်မှာ ငွေကျပ် ၅သောင်းနဲ့ လုပ်ပေးထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင် အတုတွေ  ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဇူလိုင် ၉ ရက်မနက်က  (၁၆၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ရာအိမ်မှူး ဦးလှစိန်နဲ့ ဦးသိန်းတန်တို့ထံ ယင်းရပ်ကွက်နေ ဟိန်းမင်းဦး၊ မခင်ဝိုင်း၊ ကျော်ခိုင်၊ ကျော်သန့်ဇင်၊ အောင်သူ၊ ခင်ငြိမ်းချမ်းနဲ့  အောင်ဝင်းတို့ လာရောက်ပြီး အလုပ်ထောက်ခံစာအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ပြသရာ မသင်္ကာလို့  မြို့နယ်လူဝင်မှုကြီးကြပ် ရေးဦးစီးဌာနရုံး  ဦးစီးမှူး ဦးသန်းဌေးမြင့်ထံ အကြောင်းကြားရာက ကတ်ပြားအတုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။ အဆိုပါ ၇ ဦးရဲ့ ပြောပြချက်အရ (၁၆၈) ရပ်ကွက် ကနောင်မင်းသားကြီးလမ်း နေ့ကလေးထိန်းကျောင်းလုံခြုံရေး ဦးကျော်ဆွေထံမှ မှတ်ပုံတင် ကတ်ပြားတစ်ပြားကို ငွေကျပ် ၅ဝဝဝဝ နဲ့ ဝယ်ယူခဲ့ကြောင်းသိရှိခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက မှတ်ပုံတင် အတုလုပ်ပေးတဲ့ ဦးကျော်ဆွေ (၅၂ နှစ်)ကို ဖမ်းဆီးခဲ့ပြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။ ဓာတ်ပုံ- MOI
4 years Ago
Up