ဒဂုံအရှေ့ပိုင်း ပြည်သူလွှတ်တော်နေရာအတွက် ပြည်သူများ မဲပေးမှုမြင်ကွင်း

April 1, 2017

ဒဂုံအရှေ့ပိုင်း ပြည်သူလွှတ်တော်နေရာအတွက် ပြည်သူများ မဲပေးမှုမြင်ကွင်း

ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတ၀န်းမှာ ကျင်းပနေပြီး ရန်ကုန် ဒဂုံအရှေ့ပိုင်းလစ်လပ်မဲဆန္ဒနေရာအတွက် ပြည်သူတွေ စတင်မဲပေးနေကြပါတယ်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌတာဝန်ကို ရန်ကုန်ဒဂုံ အရှေ့ပိုင်း ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဒေါက်တာ မျိုးအောင်က တာဝန်ယူခဲ့ရတဲ့အတွက် လစ်လပ်သွားတဲ့ ဒဂုံအရှေ့ပြည်သူ့လွှတ်တော်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ လူ့ဘောင်သစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ဒီမိုကရက်တစ်ပါတီမြန်မာ ပါတီ ၅ ခုကနေ ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံနေတာဖြစ်ပါတယ်။ ဒဂုံအရှေ့မှာ မဲရုံပေါင်း ၁၆၉ ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ၉၆၆၂၈ ယောက်ရှိပါတယ်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်လည်း ဒဂုံအရှေ့ ရပ်ကွက် ၁၀ မှာ ကြိုတင်မဲပေးသွားတယ်လို့ ရပ်ကျေးကော်မရှင်အဖွဲ့က ဒီဗွီဘီကိုပြောပါတယ်။  
5 years Ago
Up