ဒဂုံဆိပ်ကမ်း

A d v e r t i s e m e n t With Us

November 21, 2020

ဒဂုံဆိပ်ကမ်း ပေါက်စီနှင့်ပေါင်မုန့် မုန့်တိုက်က ကလေးငယ် ၁၀ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွက်မှာရှိတဲ့ ပေါက်စီနဲ့ပေါင်မုန့်တိုက်လုပ်ငန်းကနေ ညှဉ်းပန်းနှိပ်စက်ခံရတယ်ဆိုတဲ့ ကလေးငယ်တွေထဲက ၁၀ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ မုန့်တိုက်လုံခြုံရေး တာဝန်ယူစောင့်ကြပ်နေတဲ့ ရဲအရာရှိက ပြောပါတယ်။  မုန့်တိုက်မှာ နေထိုင်တဲ့ ကလေးငယ် ၁၀ ဦး ရောဂါကူးစက်ခံထားရတာကြောင့် ဆက်စပ်သူတွေအနေနဲ့ Home Quarantin နေသင့်တယ်လို့ ရဲအရာရှိက အကြံပြုပါတယ်။  လက်တလောမှာတော့ ဒဂုံဆိပ်ကမ်းမြို့နယ်မြို့မရဲစခန်းကို ပိတ်ထားပြီး မုန့်တိုက်ကိုလည်း ဆေးဖြန်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။  မုန့်တိုက်မှာ အလုပ်လုပ်နေတဲ့သူတွေထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအပါအဝင် မိန်းကလေး ၁၄ ဦးနဲ့ ယောကျ်ားလေး ၄ ဦးပါဝင်ပြီး သူတို့ကို နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းက ရဲတပ်ဖွဲ့က ခေါ်ယူထိန်းသိမ်းထားတာပါ။  လုပ်ငန်းရှင်ကိုတော့ ရဲတပ်ဖွဲ့ကနေ နာကျင်စေမှု၊ ဆဲဆိုမှုပုဒ်မတွေနဲ့ ဖမ်းဆီးထားသလို စည်ပင်သာယာရေးကော်မတီကလည်း လုပ်ငန်းလိုင်စင်ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။   
2 months Ago

November 20, 2020

ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကလေးငယ်များအား ညှဉ်းပန်းနှိပ်စက် ခိုင်းစေသည့် တရုတ်လုပ်ငန်းရှင် ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၇) ရပ်ကွက်မှာ ကလေးငယ်တွေကို လှောင်ပိတ်ထားပြီး ညှဉ်းပန်းနှိပ်စက် အလုပ်ခိုင်းစေတဲ့ တရုတ်လုပ်ငန်းရှင်ကို   နိုဝင်ဘာ ၂၀ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့  ရပ်ကွက်နေ မျက်မြင်သက်သေတစ်ယောက်က  ပြောပါတယ်။ ပေါက်စီနဲ့ ပေါင်မုန့်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်လုပ်ငန်းရှင်တွေဟာ ကလေးငယ်တွေကို ငှားရမ်း အလုပ်ခိုင်းစေတာဖြစ်ပြီး  ကလေးငယ်တွေထဲမှာ အသက် ၁၈ နှစ်အရွယ်က အကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးငယ် ၁၈ ယောက်ကိုတော့ မနေ့ညက ရဲတပ်ဖွဲ့ကခေါ်သွားကာ ဒီမနက်မှာတော့ တရုတ်လုပ်ငန်းရှင် ၇ ယောက်လောက်ကို ရဲတပ်ဖွဲ့က  ဖမ်းဆီးသွားတာလို့ ရပ်ကွက်နေ မျက်မြင်သက်သေက ဒီဗွီဘီကို ပြောပါတယ်။ မနေ့က ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ယောကျ်ားလေးတစ်ဦးကထွက်ပြေးလာပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြစိန်ကို အကူအညီတောင်းတဲ့အတွက် ရဲစခန်း၊ လဝက၊ စည်ပင်စတဲ့ သက်ဆိုင်ရာဌာနအသီးသီးကို အကြောင်းကြားခဲ့တယ်လို့  ဦးမြစိန်ကပြောပါတယ်။ ထွက်ပြေးလာတဲ့ယောကျ်ားလေးက သူ့ရဲ့ညီမဖြစ်သူကို ခေါ်ထုတ်ချင်ပေမယ့်  ပေးမထွက်ခိုင်းတဲ့ အတွက် ရပ်ကွက်နေ ပြည်သူ ၁၀၀ ကျော်လောက်က လူစုလူဝေးနဲ့ ရောက်လာခဲ့တယ်လို့လည်း  ဦးမြစိန်က ဆက်ပြောပါတယ်။ အဆိုပါအဆောက်အအုံမှာ လုပ်ငန်းလိုင်စင်ရှိမရှိနဲ့တခြားကိစ္စတွေ မေးမြန်းဖို့ ဒီနေ့မနက် ၁၀ နာရီလောက်က စည်ပင်သာယာရေးကော်မတီ ဖိတ်ခေါ်ထားပေမဲ့ တရုတ်လုပ်ငန်းရှင်တွေ ရောက်မလာခဲ့ဖူးလို့ စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်(၁) ဦးကျော်သူအောင်က ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အသေးစိတ်ပိုမိုသိရဖို့နဲ့ ကလေးငယ်တွေကို အလုပ်ခိုင်းစေတဲ့ တရုတ်လုပ်ငန်းရှင်တွေကို ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာသိရဖို့ ရဲတပ်ဖွဲ့ကို ဒီဗွီဘီက  ဆက်လက်စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။ သတင်း- အိသဇင်ခိုင်
2 months Ago

ဒဂုံဆိပ်ကမ်းတွင် ထောက်ပံ့ငွေနှင့် ပတ်သက်ပြီး စကားများ ခိုက်ရန်ဖြစ်

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရဲ့ ၆၀/၆၁ ရပ်ကွက်မှာ နိုင်ငံတော်ထောက်ပံ့ငွေ ၄၀၀၀၀ ကျပ် ထုတ်ယူတာနဲ့ ပတ်သက်ပြီး အချင်းချင်းစကားများ  ခိုက်ရန်ဖြစ်ပွားပြီး အပြန်အလှန်အမှုဖွင့် တိုင်ကြားမှု နိုဝင်ဘာ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။  အခုဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေက ရာအိမ်မှူးရဲ့အမျိုးသမီး၊ ယောက္ခမဖြစ်သူနဲ့ ထောက်ပံ့ငွေ ထုတ်ယူမယ့် အမျိုးသမီးတို့ ဖြစ်ပါတယ်။  နိုဝင်ဘာ ၁၇ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှုးက ထောက်ပံ့ကြေးယူမယ့် အမျိုးသမီးတဦးကို လက်ခံရရှိကြောင်း လက်မှတ် ရာအိမ်မှူးဆီ သွားထုတ်ခိုင်းတဲ့အခါမှာ ရာအိမ်မှူးနဲ့ အချေအတင်စကားများကြပြီး ခိုက်ရန်ဖြစ်ခဲ့တာလို့ သိရပါတယ်။  ဒါကြောင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရဲ့ ရဲစခန်းမှာ အပြန်အလှန်အမှုဖွင့်ထားတယ်လို့ ကာယကံရှင်တွေက  ပြောပါတယ်။  နိုင်ငံတော်အစိုးရက အခြေခံလူတန်းစားတွေကို ပထမအကြိမ်အခြေခံစားသောက်ကုန် ၅ မျိုးဆီထောက်ပံ့ခဲ့ပြီး ငွေသားထောက်ပံ့မှုက အခုဆိုရင်လေးကြိမ်မြောက်ရှိသွားပြီ ဖြစ်ပါတယ်။ အိသဇင်ခိုင်
2 months Ago
More News
Up