ဒက်စတီနီဝက်ဂ်နာ

November 22, 2021

၂၀၂၁ ခုနှစ် မြေကမ္ဘာအလှမယ်သရဖူ ဘေလိဇ်နိုင်ငံကိုယ်စားပြုအလှမယ် ဆွတ်ခူးရရှိ

အခုနှစ် ၂၀၂၁ ခုနှစ် Miss Earth မြေကမ္ဘာအလှမယ်ပြိုင်ပွဲမှာတော့ ဘေလိဇ်နိုင်ငံ ကိုယ်စားပြု အလှမယ် ဒက်စတီနီ ဝက်ဂ်နာက ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

၂၁ ​ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့တဲ့ ဒီပြိုင်ပွဲမှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၈၉ နိုင်ငံက ကိုယ် စားပြုအလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံက အလှမယ် လင်းထက်ထက်ကျော်က ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ Challenge ပေါင်းများစွာကို အွန်လိုင်းကနေ Virtual Competition အနေနဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး Miss Earth Air ဆုကို အမေရိကန်အလှမယ်၊ Miss Earth Water ဆုကို ချီလီအလှမယ်၊ Miss Earth Fire ဆုကို ထိုင်းအလှမယ်တွေက အသီးသီး ရရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာအလှမယ် လင်းထက်ထက်ကျော်ကတော့ ပြိုင်ပွဲရဲ့ Top 20 အဆင့်ထိ မပါဝင်လာခဲ့ဘဲ Unplaced ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင်ကာ စေ လွှတ်ယှဉ်ပြိုင်စေခဲ့တာဖြစ်ပြီး အလှမယ်တွေဖြစ်ကြတဲ့ အိမွန်ခိုင်၊ အိမ့်မြတ်ခြယ်၊ နန်းခိုင်ရွှေဝါဝင်း၊ တင်စန္ဒာမျိုး၊ ချောရူပါသက်၊ မေသဒ္ဒါကို၊ အမရာရွှန်းလဲ့တို့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အလှမယ် အမရာရွှန်းလဲ့တယောက်သာ Top 8 အဆင့်ထိ ပါဝင်ခဲ့ဖူးပါတယ်။

2 months Ago
Up