ဒက်ချ်ဖော်မြုလာဝမ်

A d v e r t i s e m e n t With Us

May 29, 2020

၃၅ နှစ်အတွင်း ပထမဆုံးကျင်းပမည့် ဒက်ချ်ဖော်မြုလာဝမ်းပြိုင်ပွဲ ရက်ရွှေ့ဆိုင်း

နှစ်ပေါင်း ၃၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်ပြန်လည်ကျင်းပဖို့ စီစဉ်ထားတဲ့ ဒက်ချ် ဂရင်းပရီဖော်မြူလာဝမ်းပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်ပါတယ်။  ဟော်လန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ မတည်ငြိမ်သေးတာကြောင့် ဘောလုံးပွဲစဉ်တွေကို ဖျက်သိမ်းလိုက်သလို ဖော်မြူဝမ်းကား မောင်းပြိုင်ပွဲကိုတော့  ၂၀၂၁ ခုနှစ်ကို ရွှေ့ဆိုင်းခဲ့တာပါ။  ဒက်ချ်ဂရင်းပရီပြိုင်ပွဲကို ၁၉၈၅ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တာဖြစ်ပြီး ၃၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်ကျင်းပနိုင်ဖို့ မျှော်မှန်းခဲ့ပေမယ့် လာမယ့်နှစ်မှ ကြည့်ရှုခွင့်ရတော့မှာပါ။  ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲကို ကြည့်ရဖို့ ၃၅ နှစ် စောင့်ဆိုင်းခဲ့ရပြီးဖြစ်တဲ့အတွက် နောက်ထပ် ၁ နှစ် စောင့်ဆိုင်းရတာ ကိစ္စမရှိကြောင်း  ဒက်ချ်ဂရင်းပရီ ဒါရိုက်တာ ဂျန်လန်မားစ်က ပြောပါတယ်။  ကမ္ဘာတလွှားမှာဖြစ်ပွားနေတဲ့ကို ရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ပြိုင်ပွဲကျင်းပမယ့် တခြားနိုင်ငံတွေဟာလည်း ရွှေ့ဆိုင်းကျင်းပဖို့ စီစဉ်ထားပြီး အခုနှစ် ပြိုင်ပွဲကို ဖျက်သိမ်းလိုက်တဲ့ နိုင်ငံတွေလည်းရှိပါတယ်။ 
9 months Ago
Up