ထှယ်လှော်ကျေးရွာ

September 12, 2021

ဂန့်ဂေါမြို့နယ် ထှယ်လှော်ကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့၊ နှစ်ဘက်တိုက်ပွဲ ပြင်းထန်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ထှယ်လှော်ကျေးရွာကို စက်တင်ဘာ ၁၂ ရက် ဒီနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့သွားပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က  ဒီကနေ့မနက်ပိုင်းမှာ ထှယ်လှော်ကျေးရွာကို ဝင်ရောက်မီးရှို့တာကြောင့် ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီးတော့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတစ်ယောက်က  ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဂန့်ဂေါ-ကလေး ကားလမ်းမှာ ခရီးသည်တင်ယာဥ်တွေ ရပ်နားထားရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးကလည်း ခရီးသည်ယာဥ်တွေ ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ ကြေညာချက်ထုတ်ပြန် သတိပေးထားပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးတစ်ယောက်အပါအဝင် ၄၀ ကျော်လောက် သေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးသလို ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက  သတင်းထုတ်ပြန်ထားတာလည်း မရှိသေးပါဘူး ။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ဂန်ဂေါမြို့နယ်ထဲက ကျေးရွာတချို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက  ဝင်ရောက် ပစ်ခတ်မီးရှို့ ဖျက်ဆီးပြီးတော့ ပြည်သူတွေပိုင်တဲ့ ရိက္ခာ၊ ပစ္စည်းနဲ့ ငွေကြေးတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

2 years Ago
Up