ထွေ/အုပ်ဝန်ထမ်းအိမ်ရာ

September 30, 2021

ခန္တီးမြို့ ထွေ/အုပ်ဝန်ထမ်းအိမ်ရာအနီး ဗုံးကွဲ

စစ်ကိုင်းတိုင်း  ခန္တီးမြို့ပေါ်က မိုင်းရပ်ကွက် ထွေ/အုပ်ဝန်ထမ်းအိမ်ရာနားမှာ စက်တင်ဘာ ၃၀ ရက် မနက် ၇ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

အခုလို ပေါက်ကွဲမှုဖြစ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး မကြာခင်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ရောက်လာပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

ထွေ/အုပ်ဝန်ထမ်းအိမ်ရာနား ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်း ခန္တီးမြို့ ကမ်းနားလမ်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့  မနက်ပိုင်းကလည်း  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

1 year Ago
Up