ထွေအုပ်ရုံးတွင် ဗုံးပေါက်

August 23, 2021

တောင်ဥက္ကလာပ ထွေအုပ်ရုံးတွင် ဗုံးပေါက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ဩဂုတ်၂၂  ညနေ  ၃ နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ထွေအုပ်ရုံးဗုံးပေါက်ကွဲမှုကြောင့် ရုံးကားတစ်စီး ပျက်စီးသွားပြီး ရုံးအဆောက် အအုံလည်း အနည်းငယ်ပျက်စီးသွားတယ်လို့ဒေသခံ တစ်ဦးကပြောပါတယ်။ 

အဆိုပါပေါက်ကွဲမှုကြောင့် လူတွေထိခိုက်ဒဏ်ရာရတာ ရှိ၊ မရှိတော့  မသိရသေးပါဘူး။  လှိုင်သာယာ ဘုရင့်နောင်တံတားမှာလည်း မနေ့က ပစ်ခတ်မှုဖြစ်ပွားပြီး အနည်းဆုံး စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးကာ ဒဏ်ရာရသူ တချို့ရှိခဲ့ပါတယ်။ 

4 months Ago
Up