ထွက်မည်

May 18, 2020

ယခု ရာသီအကုန် မီလန်မှ  အီဗရာဟီမိုဗစ် ထွက်မည်

ဇလာတန်အီဗရာဟီမိုဗစ်ဟာ ဒီရာသီကုန်ရင် အေစီမီလန်အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ဆီနီဆာမီဟိုင်းလိုဗစ်က ပြောပါတယ်။  လက်ရှိ ဘိုလော့ညာအသင်းရဲ့နည်းပြဖြစ်သူ မီဟိုင်းလိုဗစ်ဟာ မိုဗစ်နဲ့အတူ အင်တာမီလန်  အသင်းမှာ လက်တွဲခဲ့ဖူးသူဖြစ်ပြီး အေစီမီလန်အသင်းနဲ့ သူ့ရဲ့ကာလတိုစာချုပ်ကုန်ဆုံးချိန်မှာ  အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုထားကြောင်းပြောပါတယ်။  မိုဗစ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွေ့မှာ မီလန်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ရှစ်ပွဲ ကစားပြီးချိန်မှာ အသင်းအတွက် သုံးဂိုးသွင်းယူပေးထားပါတယ်။  “ပြီးခဲ့ရက်တွေက သူကျွန်တော့်ကိုဖုန်းခေါ်ခဲ့ပြီး နွေရာသီအပြောင်းအရွေ့မှာ သူဘယ်လို ဆုံးဖြတ်မလဲဆိုတာ ကျနော်တို့ မြင်တွေ့ရပါလိမ့်မယ်” လို့ မီဟိုင်းလိုဗစ်ကပြောပါတယ်။  “သေချာတာကတော့ သူမီလန်မှာ ဆက်နေတော့မှာမဟုတ်ပါဘူး။ ဆွီဒင်ကိုပဲ ပြန်မလား၊ တခြားအသင်းတခုကို သွားမလားဆိုတာတော့ ဆက်ကြည့်ရမှာပေါ့” လို့ မီဟိုင်းလိုဗစ်က ဆားဗီးယားရုပ်သံရှိုးတခုမှာ ပြောဆိုခဲ့ပါတယ်။  အသက် ၃၈ နှစ်အရွယ်မိုဗစ်ဟာ ကစားသမားဘဝကို မယ်မိုအသင်းနဲ့စတင်ခဲ့တာဖြစ်ပြီး အသင်းကွင်းအပြင်ဘက်မှာ သူ့ရုပ်တုတခုကို ထုလုပ်ဂုဏ်ပြုခြင်းခံထားရပါတယ်။  ဒါပေမယ့် ပြိုင်ဘက်အသင်းတသင်းဖြစ်တဲ့ ဟမ်မာဘီအသင်းကို မိုဗစ်ရဲ့အတိတ်က ပိုင်ဆိုင်မှုကြောင့် မယ်မိုပရိတ်သတ်တွေဟာ မိုဗစ်ကို မုန်းတီးနေကြပြီး သူ့ရဲ့အထိမ်း အမှတ်ရုပ်တု ဟာလည်း မကြာခဏဆိုသလို တိုက်ခိုက်ဖျက်ဆီးခံထားရတာကြောင့် ခဏခဏနေရာရွှေ့ထား ရပါတယ်။  မိုဗစ်နဲ့ အေစီမီလန်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီပြီးဆုံးချိန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အေစီမီလန်အသင်းဟာ သူ့ကိုတစ်နှစ်စာချုပ်သက်တမ်းတိုးခွင့် ရှိနေပါတယ်။ 
1 year Ago
Up