ထွက်ပြေးလာ

January 29, 2020

ဆီးရီးယားထိုးစစ်ကြောင့် ဒေသခံများ တူရကီနယ်စပ်ကို ထွက်ပြေးလာ 

ဆီးရီးယားအစိုးရ ထိုးစစ်ကြောင့် အဲဒီဒေသက ထွက်ပြေးလာတဲ့ ပြည်သူတွေကို သယ်ဆောင်လာတဲ့ ယာဉ်တန်းအရှည်ကြီးကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုကို အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ဇန်နဝါရီ ၂၈ ရက်မှာ  အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။  အဲဒီယာဉ်တန်းကြီးဟာ တူရကီနယ်စပ်ကို ဦးတည်မောင်းနှင်နေပြီး ဟတ်ဇာနိုရွာနဲ့ မားရက်အယ်နျူမန်တို့အကြား ရောက်နေတယ်လို့ ယုံကြည်ရပါတယ်။ ပစ္စည်းတွေအပြည့်တင်ထားတဲ့ မော်တော်ကားတွေရဲ့နောက်မှာ မိသားစုဝင်တွေ ကျပ်ညပ်ပြီး လိုက်ပါလာပါတယ်။ မားရက်အယ်နျူမန်မြို့ကို ဆီးရီးယားအစိုးရတပ်တွေ ပြန်သိမ်းရရှိတာက သမ္မတ ဘာရှားအယ်အာဆတ်အဖို့ အထင်ကရ အောင်မြင်မှုကြီးပါ။ သမ္မတအာဆတ်ရဲ့ ရည်မှန်းချက်က ၉ နှစ်ကြာ ပြည်တွင်းစစ်အတွင်း နောက်ဆုံး ကျန်ရှိတဲ့ သူပုန်ခံတပ်ကို သိမ်းဖို့ပဲ ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးကြောင့် ထောင်နဲ့ချီတဲ့ အရပ်သားတွေဟာ တူရကီနယ်စပ်ကို အလုံးအရင်းနဲ့ ထွက်ပြေးကြပြီး တူရကီဟာလည်း အာဆတ်ကို တိုက်နေတဲ့ သူပုန်တချို့ကို ထောက်ပံ့ပေးနေပါတယ်။  အစ်ဒလစ်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ မားရက်အယ်နျူမန်မြို့ကို ဆီးရီးယား အစိုးရတပ်တွေ အပြည့်အဝ ထိန်းချုပ်ထားတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ပြောထားပါတယ်။
1 year Ago
Up