ထွက်ခွာမည်

A d v e r t i s e m e n t With Us

June 20, 2020

ဆာနေး အသင်းမှထွက်ခွာမည်ဟု မန်စီးတီးနည်းပြ အတည်ပြု

တောင်ပံတိုက်စစ်မှူး လီရွိုင်းဆာနေးဟာ အသင်းကနေ ထွက်ခွာမယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အတည်ပြုလိုက်ပါတယ်။  ဂျာမနီ လက်ရွေးစင် ဆာနေးကို မန်စီးတီးအသင်းက စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် လက်မခံခဲ့တာကြောင့် မကြာခင်အသင်းပြောင်းရွှေ့တော့မှာ ဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာကအတည်ပြုခဲ့တာပါ။  ဆာနေးဟာ အသင်းနဲ့ ၂၀၂၁ ခုနှစ်မှာ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး မန်စီးတီးဘက်က ၂ ကြိမ် ၃ ကြိမ်အထိ သက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆာနေးဘက်က လက်မခံခဲ့တာလို့ ဂွါဒီယိုလာက ပြောပါတယ်။  ဒါကြောင့် ဆာနေးဟာ တခြားအသင်းတသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး အခုနှစ် ရာသီ အကုန် သို့မဟုတ် စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာလိမ့်မယ်လို့ ဆိုပါတယ်။  ဆာနေးဟာ ငယ်ရွယ်ပြီး ထူးခြားတဲ့ခြေစွမ်းရှိသလို သူ့လိုကစားသမားရဖို့ခက်ခဲကြောင်း နည်းပြဂွါဒီယိုလာက ချီးကျူးခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမယ်လို့လည်းပြောပါတယ်။ ဆာနေးကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့သိရပါတယ်။ 
9 months Ago
Up