ထွက်ခွာဖွယ်ရှိနေ

February 5, 2020

ဂျီဆီလင်ဂတ် မန်ယူနိုက်တက်မှ ထွက်ခွာဖွယ်ရှိနေ

ရိုးမားအသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတွေက စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဂျီဆီလင်ဂတ်ကို မန်ချက်စတာယူနိုက်တက်အသင်းက ထွက်ခွာခွင့်ပြုထားပါတယ်။ အသက် ၂၇ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူ လင်ဂတ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ ၃၂ ပွဲအတွင်း ၂ ဂိုးပဲ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှုလည်း တကြိမ်ပဲ ရှိခဲ့ပါတယ်။  လင်ဂတ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် စာချုပ်အရ အသင်းနဲ့ ကစားသမားအကြား သက်တမ်းတိုးခွင့် ရှိနေပါတယ်။ ဒါပေမဲ့ ကစားသမားဘက်က အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ ESPN သတင်းမှာ ဖော်ပြထားပြီး သူ့ကို စီးရီးအေကလပ် ရိုးမားအသင်းနဲ့ စပိန်ကလပ် အက်သလက်တီကိုတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ကစားသမားကို အသင်းမှာ ဆက်ထိန်းထားလိုနေပေမယ့် လင်ဂတ်ကတော့ လက်ရှိ သူရင်ဆိုင်နေရတဲ့ ယူနိုက်တက် ပရိသတ်တွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကြောင့် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။  ပရိသတ်တွေရဲ့ အွန်လိုင်းကနေ ဝေဖန်တိုက်ခိုက်မှုတွေအပြင် လင်ဂတ်ဟာ ပြီးခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ကာရာဘောင် ပွဲစဉ်မှာလည်း ဆိုးလ်ရှားရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။  ဒီဖြစ်စဉ်မှာ လင်ဂတ်ကြောင့် ဘောလုံးဆုံးရှုံးခဲ့ရပြီး နောက်တကြိမ် ထပ်ဖြစ်မယ်ဆိုရင် မင်းကို ကွင်းထဲကနေ ထုတ်မယ်လို့ ဆိုးလ်ရှားရဲ့ ကွင်းဘေးကနေ ဒေါသတကြီး အော်ဟစ်ခဲ့မှုကိုလည်း ရုပ်သံတွေကနေ မြင်တွေ့ခဲ့ရပါတယ်။ ဒီဖြစ်စဉ်အပြီး မကြာခင်မှာတင် လင်ဂတ်ဟာ လူစားလဲခံခဲ့ရပါတယ်။ ကွင်းပြင်ပက အခြေအနေတွေက ယူနိုက်တက်အသင်းအတွက် သူခြေစွမ်းမပြနိုင်တဲ့ အကြောင်းအရင်းတွေထဲက တခု ဖြစ်တယ်လို့လည်း လင်ဂတ်က ဒီဇင်ဘာလ အင်တာဗျူးတခုမှာ ထုတ်ဖော်ဝန်ခံခဲ့ဖူးပါတယ်။  “ကျနော် ခံစားနေရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဖယ်ရှားနိုင်မယ်ဆိုရင် အကောင်းဆုံး ဖြစ်မယ်လို့ ကျနော် ခံစားရပါတယ်။ ကျနော်ဟာ သာမာန်ဆိုရင် အားလုံးကို ပျော်ရွှင်စေချင်တဲ့ သာမန်လူတဦး ဖြစ်ပြီးတော့ တခြားလူတွေက ကျနော့်ပုံစံကို ပြောင်းလဲစေနေတယ်လို့ ထင်ပါတယ်‌။ လူတွေက ကျနော့်အပေါ် အရာအားလုံးကို ပုံချနေပြီးတော့ ဒါတွေက ကျနော့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ကျနော် အခုအချိန်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ကျနော့်မန်နေဂျာက ကျနော့်ဆီက ဒီထက်ပိုပြီး မျှော်လင့်နေပါတယ်” လို့ လင်ဂတ်က ဖြေကြားဖူးပါတယ်။
1 year Ago
Up