ဘာစီလိုနာကနေ ထွက်ခွာရတာက မျှော်လင့်မထားတဲ့ကိစ္စ ဖြစ်တယ်လို့ တိုက်စစ်မှူး ဆွာရက်ဇ်က ပြောပါတယ်။
အသက် ၃၄ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ လာလီဂါပြိုင်ဘက် အက်သလက်တီ ကို အသင်းဆီ မပြောင်းရွှေ့ခင်မှာ ဘာစီလိုနာအသင်းနဲ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး နှုတ် ဆက်ခဲ့တာပါ။
ဘာစီလိုနာက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဟာ အလွန်ခက်ခဲပြီး မျှော်လင့်မထားတဲ့ကိစ္စဖြစ်တာကြောင့် ပြင်ဆင်မှုတောင် မလုပ်ရသေးဘူးလို့ ဆွာရက်ဇ်က ပြောပါတယ်။
ဒါ့အပြင် ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးကစားသမား မက်ဆီအပြင် အံ့အားသင့်ဖွယ်ရာ ကစားသမားကောင်းတွေနဲ့ တွဲဖက်ကစားခွင့် ရရှိခဲ့တဲ့အပေါ်မှာလည်း အမြဲတမ်း အမှတ်ရနေမှာ ဖြစ်ပြီး ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ဆွာရက်ဇ်က ပြောကြားခဲ့ပါတယ်။
အသင်းဥက္ကဋ္ဌ ဘာတိုမြူးကတော့ ဆွာရက်ဇ်က အသင်းသမိုင်းမှာ တတိယမြောက်ဂိုး အများဆုံးသွင်းယူနိုင်ခဲ့တဲ့ ဂန္ထဝင်ကစားသမားဖြစ်ပြီး သူကစားတဲ့နေရာမှာတော့ အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။
5 months Ago