ထွက်ပြေးသည့်ကားကို လိုက်ဖမ်းရင်း တရုတ် ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရ

December 17, 2015

ထွက်ပြေးသည့်ကားကို လိုက်ဖမ်းရင်း တရုတ်ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရ (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း ဂန်ဒေါင်းခရိုင် ဒေါင်ဂန်မြို့မှာ ထွက်ပြေးတဲ့ကားနောက်ကို လိုက်ဖမ်းရာက ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရသွားပါတယ်။ ဒီဇင်ဘာ ၁၂ ရက်က တက္ကစီယာဉ်ရဲ့ မှတ်ပုံတင် အသေးစိတ်နဲ့ ယာဉ်နဲ့ ကွာဟနေတာကြောင့် ရဲတွေက တက္ကစီကို ရပ်တန့်ခိုင်းရာမှာ ရပ်တန့်မပေးဘဲ မောင်းပြေးခဲ့တာပါ။ ဒီလိုမောင်းပြေးတဲ့ တက္ကစီနောက်ကို ရဲတွေက လိုက်လာပြီး ဆိုင်ကယ်စီးဦးထုပ်တွေ တုတ်တွေနဲ့ ကားကိုရိုက်ကာ တံခါးကို ဖွင့်ဖို့ကြိုးစားရာမှာ တက္ကစီသမားက မောင်းပြေးခဲ့တာ ဖြစ်ပါတယ်။ လူများတဲ့လမ်းပေါ်ကို မောင်းနှင်ထွက်ပြေးခဲ့တဲ့အတွက် မော်တော်ဆိုင်ကယ်တွေကိုလည်း တိုက်မိခဲ့တဲ့ ဖြစ်ရပ်ကို တရုတ်စီစီတီဗွီသတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။ ထွက်ပြေးတဲ့ကားနောက်ကို ရဲတပ်ဖွဲ့က မော်တော်ဆိုင်ကယ်နဲ့ လိုက်လံဖမ်းဆီးခဲ့ရာမှာ တက္ကစီသမားကိုလည်း ဖမ်းဆီးမိခဲ့ပါတယ်။ ရုပ်သံ - စီစီတီဗွီ
6 years Ago
Up