ထွက်ပြေး

December 3, 2017

နတ်မောက်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၁၆ ဦး ပြင်းထန်ဒဏ်ရာရ၊ ယာဉ်မောင်း ထွက်ပြေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်သာအုပ်စု၊ ရွှေညောင်ပင် စားသောက်ဆိုင်အနီး နတ်မောက်-ပျော်ဘွယ် ကားလမ်းမှာ ဒီဇင်ဘာ ၂ ရက်နေ့ မွန်းလွဲပိုင်းက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည် ၁၆ ဦး အပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ နတ်မောက်မြို့မရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ နတ်မောက်မြို့နယ်၊ ဂွေးချိုကျေးရွာအုပ်စု၊ ဖုန်ကုန်းကျေးရွာနေ မိုးမင်း မောင်းနှင်လာသော ကားဟာ ကုန်ပစ္စည်းနဲ့ ခရီးတွေကို သယ်ဆောင်လာပြီး မောင်းနှင်လာစဉ် နတ်မောက်မြို့နယ် မိုင်တိုင်အမှတ် ၅၈/၅ နဲ့ ၅၈/၆ ကြားအရောက်မှာ ဘီးပေါက်ပြီး အရှိန်မထိမ်းနိုင်ဘဲ ပြွန်တံတားအုပ်ခုံကို ဝင်ရောက်တိုက်မိကာ မော်တော်ယာဉ်ဟာ ဘေးတစောင်းလဲကျသွားကာ ခရီးသည် ၁၆ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေကို နတ်မောက်ဆေးရုံကနေ မကွေးဆေးရုံကို လွှဲပြောင်းထားရတယ်လို့ နတ်မောက်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ရဲဇော်ထက်က ပြောပါတယ်။ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ် ယာဉ်မောင်းမှာ ဒဏ်ရာရသူတွေကို ကူညီဆောင်ရွက်မှုမပေးဘဲ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။ နတ်မောက်ရဲစခန်းက ယာဉ်မောင်း မိုးမင်းကို ရာဇသတ်ကြီးပုဒ်မ-၃၃၈/၃၃၇ /၂၀၂  နဲ့ အမှုဖွင့်ထားပြီး တရားခံ ဖမ်းဆီးရမိဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း-မင်ထီး
4 years Ago

November 19, 2017

ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် ကိုလံဘီယာနိုင်ငံကို ထွက်ပြေး

ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် အန်တိုနီယို လယ်ဒဲ့ဇ်မာဟာ နယ်စပ်ကနေတဆင့် ကိုလံဘီယာနိုင်ငံထဲ ထွက်ပြေးလာတယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပြောပါတယ်။ သူဟာ အာဏာသိမ်းဖို့ ကြံစည်မှု စွဲချက်ကြောင့် ၂၀၁၅ မှာ အဖမ်းခံရအပြီး ကာရာကတ်စ် မြို့တော်မှာ နေအိမ် အကျယ်ချုပ် ကျခံနေခဲ့ရတာပါ။ အသက် ၆၂ နှစ်အရွယ် လယ်ဒဲ့ဇ်မာဟာ သမ္မတ နီကိုးလပ်စ် မာဒူရိုအစိုးရရဲ့ လူသိ အများဆုံး အတိုက်အခံလည်း ဖြစ်ပါတယ်။ ၂၀၁၄ သမ္မတ မာဒူရိုကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကို ကာရာကတ်စ် မြို့တော်ဝန်ဟောင်းအနေနဲ့ ဦးဆောင်ခဲ့ပါတယ်။ အစိုးရအရာရှိတွေက သူ့ကို သွေးစုပ်ဖုတ်ကောင်လို့ တံဆိပ်ကပ် သရော်ခဲ့ပြီး အကြမ်းဖက် အမာခံတွေနဲ့ ဆက်သွယ်တယ်၊ သမ္မတကို လေကြောင်း တိုက်ခိုက်ပြီး ဖယ်ရှားဖို့ ကြံစည်တဲ့ စစ်တပ် အရာရှိတွေကို ထောက်ခံတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ သူဟာ ဗင်နီဇွဲလားနိုင်ငံ စန်အန်တိုနီယိုမြို့နဲ့ ကိုလံဘီယာနိုင်ငံ ကူကူတာမြို့ကို ဆက်သွယ်ထားတဲ့ တံတားကို ဖြတ်သန်းပြီး ကုန်းလမ်းကနေ ဝင်ရောက်လာခဲ့တယ်လို့ ကိုလံဘီယာ လူဝင်မှုကြီးကြပ်ရေး ဌာနက အတည်ပြု ပြောဆိုပါတယ်။ ဇနီးသည်ကတော့ သူဟာ ကာရာကတ်စ် အိမ်ကနေ ထွက်သွားပေမယ့် ဘယ်ရောက်နေတယ်ဆိုတာ မသိဘူးလို့ စပိန်မြို့တော် မက်ဒရစ်အခြေစိုက် ကိုလံဘီယာ ရေဒီယိုကို ပြောပါတယ်။ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင်တွေကတော့ မာဒူရိုဟာ အာဏာရှင်အဖြစ် ပြောင်းလဲလာပြီလို့ ပြောပါတယ်။ အစိုးရကတော့ အတိုက်အခံတွေဟာ သမ္မတကို ဖြုတ်ချဖို့ အမေရိကန် ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းကြံစည်မှုမှာ ပါဝင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
4 years Ago
More News
Up