ထောင််ဒဏ်

A d v e r t i s e m e n t With Us

December 22, 2020

ဂျာမနီ ရဟူဒီဘုရားကျောင်း ပစ်ခတ်တိုက်ခိုက်သူကို ထောင်ဒဏ် တသက်တကျွန်းပြစ်ဒဏ်ချ

ဂျာမနီနိုင်ငံအရှေ့ပိုင်းက ရဟူဒီဘုရားကျောင်းနားမှာ လူ ၂ ယောက် သေဆုံးရတဲ့ မနှစ်က ပစ်ခတ်တိုက်ခိုက်မှုအတွက် ဂျာမန်တရားရုံးက အမျိုးသားတယောက်ကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ စတီဖှင်ဘီဟာ လှုံ့ဆော်မှု၊ လူသတ်ဖို့ ကြိုးစားမှုနဲ့ လူသတ်မှုတွေအတွက် အပြစ်ရှိကြောင်း တွေ့ခဲ့တယ်လို့ နူအုမ်းဘာ့ဂ် ဒေသန္တရတရားရုံးက ဆုံးဖြတ်ကြောင်း တရားရုံးပြောခွင့်ရက ပြောပါတယ်။ စတီဖင်ဘီဟာ ဟော်လေမြို့ ပစ်ခတ်မှုကို အင်တာနက်ပေါ်ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး လက်ယာစွန်းနဲ့ ဆီမိုက် မျိုးနွယ်ဝင်တွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ရာဇဝတ်မှုတွေကို ဝန်ခံခဲ့ ပြီးပါပြီ။ သူဟာ ဘုရားကျောင်းအတွင်း ဝတ်ပြုနေတဲ့ လူ ၅၀ ကျော်ထဲက များနိုင်သမှ လူများများကို သတ်ဖို့ ရည်မှန်းထားခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ သူ့ရဲ့ လက်မတည့်မှုနဲ့ အိမ်လုပ်သေနတ်တွေရဲ့ မသေချာမှုတွေကြောင့် နာရီဝက်ကြာ လက်သရမ်း ပစ်ခတ်မှုအတွင်း လူ ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရတယ်လို့ ဓားစာခံတွေက ပြောပါတယ်။ ဂျာမနီနိုင်ငံမှာ ထောင်ဒဏ် တသက်တကျွန်းဟာ အလယ်အလတ် ပြစ်ဒဏ်ဖြစ်ပြီး ထောင်ဒဏ် ၁၅ နှစ် ကျခံပြီးရင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးဖို့ ပြောင်းလဲချမှတ်နိုင်ပါတယ်။ ဒါပေမဲ့ အန္တရာယ်ရှိတဲ့ ရာဇဝတ်သားရဲ့ ရန်ကနေ ပြည်သူလူထုကို ကာကွယ်ဖို့ ထောင်ဒဏ် သက်တမ်း ပြီးဆုံးရင်တောင် လွှတ်ပေးဖို့လည်း ငြင်းနိုင်ပါတယ်။ ဂျူးလူမျိုး ၆ သန်းကို အစုလိုက်သတ်ဖူးတဲ့ သမိုင်းရှိတဲ့ ဂျာမနီမှာ ဆီယိုက် မျိုးနွယ်ဝင်တွေကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုဟာ အထိခိုက်မခံဘဲ အကဲဆတ်ပါတယ်။
3 months Ago
Up