ထောင်သားမျာ

A d v e r t i s e m e n t With Us

June 20, 2020

ဘိုလီးဗီးယားတွင် ထောင်သားများ ကိုရိုနာကူးစက်ခံရမည်ကိုကြောက်၍ မီးရှို့ဆန္ဒပြ

ဘိုလီးဗီးယားနိုင်ငံ၊ ဆူခရီတောင်ပိုင်းက အကျဉ်းထောင်တခုမှာ အကျဉ်းသားတွေဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရမှာကြောက်လို့ အိပ်ရာတွေကို မီးတင်ရှို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အကျဉ်းသားတွေက သူတို့ကို လွှတ်ပေးဖို့တောင်းဆိုခဲ့ပြီး ထောင်ထဲမှာ ဆရာဝန်တွေ ပိုထားပေးဖို့ နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ရိုက်တာသတင်းက ရရှိတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ဆန်ရော့ကေး အကျဉ်းထောင်ထဲကနေ မီးလောင်မှု ကြောင့် မီးခိုးတွေ အများအပြား ထွက်နေတာ တွေ့ရမှာပါ။  ဒေသခံမီဒီယာတွေရဲ့ အဆိုအရလည်း ရဲတပ်ဖွဲ့က ဓာတ်ငွေဗုံးနဲ့ ဖြိုခွင်းမှုကြောင့် အကျဉ်းသားတဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ကတော့ ထောင်တွင်း ဆူပူပုန်ကန်မှုကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။ ဘိုလီးဗီးယားဟာ ကိုဗစ်-၁၉ တည်ပြုလူနာဦးရေ ၂ သောင်း ၂ ထောင်ကျော်ရှိပြီး သေဆုံးသူ ၇၁၅ ဦး ရှိပါတယ်။ 
8 months Ago
Up