ထောင်ဖောက်ပြေး

October 19, 2022

ခန္တီးအကျဉ်းထောင်မှ အကျဉ်းသား ၁၄ ဦး ထွက်ပြေး၊ ၅ ဦး ပြန်ဖမ်းမိပြီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အကျဉ်းထောင်ကနေ ကေအိုင်အေတပ်ဖွဲ့အချို့အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ ယောက်  အောက်တိုဘာ ၁၈ ရက် မနက်က ထောင်ဖောက်ပြီး  ထွက်ပြေးရာမှာ ၅ ယောက် ပြန်လည်ဖမ်းမိပြီး တယောက် သေဆုံးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ခန္တီးမြို့နဲ့  ၃ မိုင်အကွာမှာရှိတဲ့ အကျဉ်းထောင်မှာ  မနေ့ မနက်အစောပိုင်း  ၃ နာရီလောက်က အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားတာပါ။

ဒေသခံတဦးက “မနက် ၃ နာရီလောက် ဖြစ်မယ်။ ကျနော်တို့ သိတာ မနက် ၅ နာရီလောက်မှ သိတယ်။ လက်နက်တချို့လည်း ပါသွားတယ်။ စစ်ကောင်စီတပ်တွေက ခန္တီးမြို့ထဲမှာ ပိတ်ဆို့စစ်ဆေးနေပြီး ကုန်းလမ်း၊ ရေလမ်း အကုန်ပိတ်ထားတယ်” လို့ ပြောပါတယ်။ 

ခန္တီးအကျဉ်းထောင်ကနေ ၁၄ ဦး ထွက်ပြေးခဲ့ရာမှာ ၅ ဦး ပြန်လည်ဖမ်းဆီးခံရကာ ဖမ်းဆီးခံထားရသူတွေထဲက  အကျဉ်းသားတယောက်ကို စစ်ဆေးမြန်းပြီးနောက်မှာ  ခန္တီးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားစဉ်  နေ့လယ် ၂ နာရီမှာ သေဆုံးသွားတယ်လို့ ရဲဝန်ထမ်းတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ အကျဉ်းသားဟာ ဖမ်းဆီးခံရစဉ် ပစ်ခတ်ခံရတာလား စစ်ဆေးစဉ်မှာ နှိပ်စက်ခံရပြီး သေဆုံးခဲ့တာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သြဂုတ် ၃၀ ရက်က ဖမ်းဆီးခံရတဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် ၄ ယောက်လည်း အခု ထွက်ပြေးလွတ်မြောက်သွားတဲ့အထဲ ပါသွားတယ်လို့ သိရပါတယ်။

အကျဉ်းသားတွေ ထောင်ဖောက်ပြေးမှုဖြစ်ပွားပြီးနောက်  ခန္တီးမြို့မှာ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေက  ပိတ်ဆို့စစ်ဆေးနေပါတယ်။

2 months Ago

August 6, 2019

သမီးဖြစ်သူပုံဖမ်းပြီး ထောင်ဖောက်ပြေးရန် ကြိုးစားသည့် ဘရာဇီးလူဆိုးဂိုဏ်းခေါင်းဆောင် (ရုပ်သံ)

ထောင်ဒဏ်ကျခံနေရတဲ့ ဘရာဇီး လူဆိုးဂိုဏ်းခေါင်းဆောင်တယောက်ဟာ သမီးဖြစ်သူပုံဖမ်းပြီး ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းခဲ့ပါတယ်။ ကလောင်ဗီနိုဒါ ဆီယိုဗာဆိုသူ အကျဉ်းသားဟာ သူ့ကိုလာတွေ့တဲ့ သမီးဖြစ်သူရဲ့ အဝတ်အစားတွေ ဝတ်ပြီး ရီယိုဒီဂျနေးရိုးမြို့ ဂျယ်ရီစီနို အကျဉ်းထောင်ကနေ ဖောက်ပြေးဖို့ ကြိုးပမ်းခဲ့တယ်လို့ ဘရာဇီးအာဏာပိုင်တွေက သြဂုတ် ၃ ရက်နေ့မှာ ပြောပါတယ်။ အကျဉ်းသား ဆီယိုဗာဟာ ဆံပင်တုတပ်၊ ဆီလီကွန်မျက်နှာဖုံးစွပ်ပြီး မိန်းကလေးအယောင်ဆောင်ခဲ့ပေမယ် အစောင့်တွေက သူ ထိတ်ထိတ်ပျာပျာ ဖြစ်နေတာကို သံသယဝင်သွားခဲ့တာပါ။ ဒီဖြစ်ရပ်မှာ သူ့ရဲ့သမီးဖြစ်သူပါ ကြံရာပါလားဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။ ဂျယ်ရီစီနို အကျဉ်းထောင်မှူးက ဆီယိုဗာကို ဖမ်းမိပြီးနောက် အယောင်ဆောင် အဝတ်အစား တခုချင်း ချွတ်နေပုံကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆီယိုဗာကို လုံခြုံရေး တင်းကျပ်တဲ့ထောင်ကို လွှဲပြောင်းခဲ့ပြီး သူဟာ စည်းကမ်းထိန်းသိမ်းရေး အစီအစဉ်တွေ လိုက်နာရဖွယ် ရှိပါတယ်။ ရဲတပ်ဖွဲ့ ပြောကြားချက်အရ ဆီယိုဗာဟာ Red Command ဆိုတဲ့ ဘရာဇီး နာမည်ကျော် မူးယစ်မှောင်ခိုဂိုဏ်းတခုရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Zawgyi Version သမီးျဖစ္သူပုံဖမ္းၿပီး ေထာင္ေဖာက္ေျပးရန္ ႀကိဳးစားသည့္ ဘရာဇီးလူဆိုးဂိုဏ္းေခါင္းေဆာင္ (႐ုပ္သံ) DVB ေထာင္ဒဏ္က်ခံေနရတဲ့ ဘရာဇီး လူဆိုးဂိုဏ္းေခါင္းေဆာင္တေယာက္ဟာ သမီးျဖစ္သူပုံဖမ္းၿပီး ေထာင္ေဖာက္ေျပးဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။ ကေလာင္ဗီႏိုဒါ ဆီယိုဗာဆိုသူ အက်ဥ္းသားဟာ သူ႔ကိုလာေတြ႕တဲ့ သမီးျဖစ္သူရဲ႕ အဝတ္အစားေတြ ဝတ္ၿပီး ရီယိုဒီဂ်ေနး႐ိုးၿမိဳ႕ ဂ်ယ္ရီစီႏို အက်ဥ္းေထာင္ကေန ေဖာက္ေျပးဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ ဘရာဇီးအာဏာပိုင္ေတြက ၾသဂုတ္ ၃ ရက္ေန႔မွာ ေျပာပါတယ္။ အက်ဥ္းသား ဆီယိုဗာဟာ ဆံပင္တုတပ္၊ ဆီလီကြန္မ်က္ႏွာဖုံးစြပ္ၿပီး မိန္းကေလးအေယာင္ေဆာင္ခဲ့ေပမယ္ အေစာင့္ေတြက သူ ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ေနတာကို သံသယဝင္သြားခဲ့တာပါ။ ဒီျဖစ္ရပ္မွာ သူ႔ရဲ႕သမီးျဖစ္သူပါ ႀကံရာပါလားဆိုတာကို ရဲတပ္ဖြဲ႕က စုံစမ္းေနပါတယ္။ ဂ်ယ္ရီစီႏို အက်ဥ္းေထာင္မႉးက ဆီယိုဗာကို ဖမ္းမိၿပီးေနာက္ အေယာင္ေဆာင္ အဝတ္အစား တခုခ်င္း ခြၽတ္ေနပုံကို ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ဆီယိုဗာကို လုံၿခဳံေရး တင္းက်ပ္တဲ့ေထာင္ကို လႊဲေျပာင္းခဲ့ၿပီး သူဟာ စည္းကမ္းထိန္းသိမ္းေရး အစီအစဥ္ေတြ လိုက္နာရဖြယ္ ရွိပါတယ္။ ရဲတပ္ဖြဲ႕ ေျပာၾကားခ်က္အရ ဆီယိုဗာဟာ Red Command ဆိုတဲ့ ဘရာဇီး နာမည္ေက်ာ္ မူးယစ္ေမွာင္ခိုဂိုဏ္းတခုရဲ႕ ေခါင္းေဆာင္ျဖစ္တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။
3 years Ago
Up