ထောင်ဒဏ် ၆ လမှ ၃ နှစ်

March 29, 2020

ဆေးဝါးနှင့်အခြေခံစားကုန် ဈေးတင်ရောင်းပါက ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ အရေးယူမည်

လတ်တလော COVID-19 အကြောင်းပြုပြီး ဆေးဝါးပစ္စည်းအပါအဝင် အခြေခံစားသောက်ကုန်စည်တွေ ဈေးတင်ရောင်းချပါက အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအရ ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ဖြစ်စေ ငွေဒဏ်အားဖြင့် ကျပ် ၅ သိန်း အရေးယူဆောင်ရွက်မယ်လို့ စီးပွား/ကူးသန်း ဒုညွှန်ကြားရေးမှူး ဦးဇေယျာဆွေက ပြောပါတယ်။   အဲဒီဆောင်ရွက်မှုတွေကို သက်ဆိုင်ရာအသင်းအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဧပြီလလယ်လောက်မှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ လတ်တလောဈေးနှုန်း မြှင့်တင်ရောင်းချမှုတွေနဲ့ပတ်သက်ပြီး ဆေးဝါးပစ္စည်းတွေ အများဆုံး ဖြစ်နေတယ်လို့ ပြောပါတယ်။  ဒါတွေကို အမြန်ဆုံး စိစစ်ဖော်ထုတ်ပြီး အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ စီးပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေးဝန်းကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာဆွေက ပြောပါတယ်။ 
1 year Ago
Up