လိင်ပိုင်းစော်ကားမှု၊ အဓမ္မပြုကျင့်မှုစွဲချက်တွေနဲ့ ဟော်လိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းကို မက်ဟန်တန်တရားရုံးက ထောင်ဒဏ် ၂၃ နှစ် ချမှတ်လိုက်ပါတယ်။
မတ်လ ၁၁ ရက် တရားရုံးဆုံးဖြတ်ချက်အပြီးမှာ အစောင့်အကြပ်အပြည့်နဲ့ အကျဉ်းထောင်ကားတစီး တရားရုံးကနေ ထွက်သွားခဲ့ပါတယ်။
ထုတ်လုပ်ရေးမှူး လက်ထောက်ဟောင်း မီမီဟာလေးအပေါ် လိင်ပိုင်းစော်ကားမှုနဲ့ ရုပ်ရှင်မင်းသမီးဟောင်း ဂျက်စီကာမန်းကို အဓမ္မပြုကျင့်မှုမှာ ဝိန်းစတိန်း အပြစ်ရှိတယ်ဆိုပြီး ဂျူရီအဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
တရားသူကြီး ဂျိမ်းစ်ဘာ့ခ်က ချမှတ်ခဲ့ပြီး အသက် ၆၇ နှစ်အရွယ် ဝိန်းစတိန်းက သူဟာ လူကောင်းတယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ တရားရုံးမှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် #MeToo လှုပ်ရှားမှုမှာ စွပ်စွဲခံရတဲ့ အမျိုးသားတွေအတွက် စာနာထောက်ထားတယ်ဆိုပြီး ဝိန်းစတိန်းက ပြောခဲ့တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။
2 years Ago