ထောင်ဒဏ် ၁၄ လ ချ

October 11, 2020

သူလျှိုမှုဖြင့် စင်ကာပူနိုင်ငံသား ၁ ဦးကို အမေရိကန်တရားရုံးက ထောင်ဒဏ် ၁၄ လ ချမှတ်

ဒစ်က်ဆင်ယောင်ဆိုတဲ့ နာမည်နဲ့ လူသိကြတဲ့ အသက် ၃၉ နှစ်အရွယ် ပညာရှင်စင်ကာပူ နိုင်ငံသား ကျန်းဝေယောင်ကို အမေရိကန်တရားရုံးက အောက်တိုဘာ ၉ ရက်မှာ ထောင်ဒဏ် ၁၄ လ ပြစ်ဒဏ်စီရင်လိုက်ပါတယ်။  တရုတ်ထောက်လှမ်းရေးရဲ့ တရားမဝင် သူလျှိုအဖြစ် ဆောင်ရွက်မှုကြောင့် ခုလိုစီရင်တာ လို့ တရားရေးဌာနက ပြောပါတယ်။  အရှေ့တောင်အာရှ နိုင်ငံရေးအကြောင်း စာတမ်းတင်သွင်းဖို့ ပေကျင်းက ဖိုရမ်တခုကို ရောက်ချိန်မှာ ယောင်ဟာ တရုတ်သတင်းပေးအဖြစ် သိမ်းသွင်းခံရတယ်လို့ တရားရုံး စာရွက် စာတမ်းတွေက ပြထားပါတယ်။  အဲဒီနောက် သူဟာ ၂၀၁၉ ဇန်နဝါရီလမှာ အမေရိကန်ကို ရွှေ့ပြောင်းလာခဲ့ပြီး နိုဝင်ဘာမှာတော့ အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။  ဒီအမှုကြောင့် တရုတ်အစိုးရဟာ အနောက်နိုင်ငံတွေက အစိုးရတွေရဲ့ ယုံကြည်မှုကို ရထားပြီး တရုတ်ပြည်မကြီးအစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ စင်ကာပူနိုင်ငံက နိုင်ငံသား တွေကို ထောက်လှမ်းရေးရင်းမြစ်အဖြစ် သိမ်းသွင်းနေတဲ့အပေါ် စိုးရိမ်မှုတွေ ပြန်လည်ပေါ်ပေါက် ခဲ့ပါတယ်။
7 months Ago
Up