ထောင်တွင်းအဓိကရုဏ်

May 3, 2020

ဗင်နီဇွဲလား ထောင်အဓိကရုဏ်း ၄၆ ဦး သေဆုံး

ဗင်နီဇွဲလားနိုင်ငံမှာ ထောင်တွင်းအဓိကရုဏ်းကြောင့် လူ ၄၆ယောက် သေဆုံးပြီး ၇၅ယောက် ဒဏ်ရာရခဲ့ကာ ဖြစ်ရတဲ့အကြောင်းရင်းအဖြေကို ထောင်သားတွေရဲ့ မိသားစုတွေက မေ ၂ရက်မှာ တောင်းဆိုလိုက်ကြပါတယ်။  ထောင်ဖောက်ပြေးဖို့ ကြိုးစားမှုနဲ့ ပတ်သက်ပြီး ဖြစ်တာလို့ အာဏာပိုင်တွေက ဖြေခဲ့ပေမယ့် လူ့အခွင့်အရေးအုပ်စုတွေက မေးခွန်တွေ ထပ်ထုတ်ခဲ့ကြပါတယ်။ ပေါ်တူဂေဆာပြည်နယ်က လော့်စ်အယ်လ်လာနော့စ် ထောင်မှာ သောကြာနေ့က ဖြစ်တဲ့ အဓိကရုဏ်းကို နက်နက်ရှိုင်းရှိုင်း စိုးရိမ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တွစ်တာလူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။ တောင်အမေရိကနိုင်ငံ ဗင်နီဇွဲလားမှာ ထောင်တွေဟာ အခြေအနေ ညံ့ဖျင်းတာနဲ့ အကြမ်းဖက်မှုအဆင့် အစွန်းရောက်နေလို့ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အကျဉ်းဦးစီးညွှန်မှူးက ထောင်ဖောက်ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ထောင်သားတွေနဲ့ ညှိုနှိုင်းဖို့ ကြိုးစားခဲ့တယ်လို့ အကျဉ်းဦးစီးဝန်ကြီးကို ကိုးကားပြီး အစိုးရရေဒီယို ဌာနရဲ့ အင်တာနက် စာမျက်နှာက ဖော်ပြပါတယ်။  ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ပြန်ကြားရေးဝန်ကြီးဌာနကရော အစိုးရရှေ့နေချုပ်ရုံးကပါ မတုံ့ပြန်သေးပါဘူး။  ထောင်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားရေးအတွက် ထောင်သားတွေရဲ့ မိသားစုဝင်တွေ ထောင်ဝင်စာ ပိတ်ဖို့ ထောင်အာဏာပိုင်တွေက တားမြစ်အပြီးမှာ ခုလို အဓိက ရုဏ်းဖြစ်ခဲ့တာလို့ လူ့အခွင့်အရေးအုပ်စုတွေဖြစ်တဲ့ ဂျီရွန်နဲ့ A Window Toward Freedom တို့က ပြောခဲ့ပါတယ်။ အလားတူ ကန့်သတ်ချက်တွေကြောင့် အီတလီအပါအဝင် နိုင်ငံအတော်များများမှာ ထောင်အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ 
12 months Ago
Up